DVB Logo
Home
မြန်မာသတင်း
အစိုးရတပ်ဖွဲ့များ ပြန်မရုပ်သိမ်းသေးဟု ကေအန်ယူပြော
DVB
·
May 26, 2018
အစိုးရတပ်ဖွဲ့များ ပြန်မရုပ်သိမ်းသေးဟု ကေအန်ယူပြော
Donate to DVB

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်အတွင်း လွယ်မူပလောဒေသမှာ လမ်းပြင်လမ်းဖောက်နေတဲ့ အစိုးတပ်ဖွဲတွေ ဒီနေ့အထိ ပြန်လည်ရုပ်သိမ်းသွားတာ မရှိသေးဘူးလို့ ကေအန်ယူ တပ်မဟာ-၅ ရုံးတာဝန်ခံ ဗိုလ်မှူး ကလယ်ဒိုကို က ပြောပါတယ်။

ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) နဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့ရဲ့ မေ ၁၇ ရက်က ရန်ကုန်မှာတွေ့ဆုံစဉ် ကေအန်ယူ ထိန်းချုပ်နယ်မြေ ဖာပွန်ခရိုင် တပ်မဟာ (၅) နယ်မြေရှိ ခေးပူ-လွယ်မှုပလော ကားလမ်းကို ယာယီရပ်ဆိုင်ထားဖို့နဲ့ ကားလမ်း ဖောက်လုပ်ရာမှာ လုံခြုံရေး တာဝန်ယူထားတဲ့တပ်တွေ ပြန်လည်ရုပ်သိမ်းသွားဖို့နဲ့ ဒေသခံတိုင်းရင်းသားတွေ အေးချမ်းစွာ နေထိုင်လုပ်ကိုင် လွတ်လပ်စွာ သွားလာလှုပ်ရှားနိုင်ဖို့ သဘောတူညီမှုရရှိခဲ့ကြတာပါ။

ကေအန်ယူ တပ်မဟာ-၅ ရုံးတာဝန်ခံ ဗိုလ်မှူး ကလယ်ဒိုကိုက “လမ်းဖောက်တဲ့ကိစ္စက သူတို့အထက်က အချင်းချင်းတွေ့ဆုံပြီးနောက်ပိုင်းမှာ ကျနော်တို့ အထက်က ခေါင်းဆောင်တွေ ပြန်လာပြောပြတာကတော့ သူတို့ ယာယီရပ်ဆိုင်းထားမယ်လို့ ပြောတယ်။ သူတို့တပ်တွေ ပြန်ရုပ်ပြီးတော့ ပြန်ရှင်းသွားမယ်။ သူတို့တပ်တွေ ပြန်ရုပ်တဲ့အခါ ဒီကနေပြီးတော့ အနှောင့်အယှက် မလုပ်နဲ့လို့ ကျနော်တို့ ညွှန်ကြားထားတယ်။ ကျနော်တို့လည်း ရှေ့တန်းမှာ တာဝန်ယူနေတဲ့ တပ်ဗိုလ်၊ တပ်မှူးတွေကိုလည်း ညွှန်ကြားထားပြီးပြီ။ ဒါပေမယ့် သူတို့ရဲ့ ပြန်လည်တင်ပြချက်အရ အခုထက်ထိတော့ နေရာမှာပဲ ရှိသေးတယ်။ ပြန်မဆင်းသေးဘူးလို့ ကျနော်တို့ကို ပြန်ပြီးတင်ပြတယ်လေ။ လမ်းကတော့ ဆက်ဖောက်လား၊ မဖောက်ဖူးလား ဆိုတာတော့ သူတို့လည်း အဲဒီလောက်ထိ ချဉ်းကပ်လို့ မရဘူးနဲ့တူတယ်။ အဲဒါကြောင့် သူတို့ ဘာမှမပြောဘူး။ သူတို့စက်ယန္တရားကတော့ ထားတဲ့နေရာမှာပဲ ရှိသေးတယ်။ တပ်လည်း ပြန်မဆင်းသေးဘူး၊ စက်လည်း မဆင်းသေးဘူးဆိုတော့ သူတို့ အဲဒီနေရာမှာ လမ်းဆက်ဖောက်လား၊ မဖောက်လားဆိုတာ စုံစမ်းလို့မရသေးဘူး။”လို့ပြောပါတယ်။

အစောပိုင်းက အဆိုပါဒေသမှာ အစိုးရ တပ်ရင်း ၁၀ ရင်းလောက်သာရှိခဲ့ပြီး လမ်းဖောက်လုပ်ဖို့ အတွက် တပ်ရင်း ၈ ရင်း ထပ်တိုးခဲ့တယ်လို့လည်း ပြောပါတယ်။

တပ်တိုးချဲ့မှုကြောင့် ထွက်ပြေးတိမ်းရှောင်နေကြတဲ့ ဒေသခံပြည်သူတွေဟာလည်း အခုချိန်ထိ တောတွင်းမှာ ထွက်ပြေးခိုလှုံနေဆဲဖြစ်ပါတယ်။

ဒီလိုတပ်တွေ တိုးချဲ့မှုကြောင့် နှစ်ဖက်တင်းမာမှုတွေ၊ ပစ်ခတ်မှုတွေရှိခဲ့တဲ့အတွက် ရှေ့ဆက် ပြဿနာတွေ မဖြစ်အောင် ခေါင်းဆောင်တွေ တွေ့ဆုံညှိနှိုင်းထားတဲ့အတိုင်း လုပ်ဆောင်ဖို့ မျှော်လင့်ကြောင်းလည်း ပြောပါတယ်။

ဖာပွန်ခရိုင်၊ လူသောမြို့နယ် ခေးပူနဲ့ လယ်မူပလောရွာကြားမှာ ကားလမ်းဖောက်လုပ်ဖို့ အတွက် ပြီးခဲ့တဲ့ မတ်လဆန်းက စပြီး အစိုးရတပ်က စစ်အင်အားတိုးချဲ့ ဝင်ရောက်လာခဲ့တာပါ။

စစ်အင်အားတိုးချဲ့မှုကြောင့် ထိတွေ့ပစ်ခတ်မှုတွေဖြစ်ပွားခဲ့ပြီး ဒေသတွင်း ကျေးရွာ ၁၆ ရွာ၊ လူပေါင်း ၂၀၀၀ ကျော် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013