DVB Logo
Home
မြန်မာသတင်း
အစိုးရတပ် ကော့ကရိတ်မြို့နယ်တွင်း နယ်မြေရှင်းစဉ် ချောင်းပစ်ခံရ၊ ၂ ဦး ဒဏ်ရာရ
DVB
·
September 3, 2015
အစိုးရတပ် ကော့ကရိတ်မြို့နယ်တွင်း နယ်မြေရှင်းစဉ် ချောင်းပစ်ခံရ၊ ၂ ဦး ဒဏ်ရာရ
Donate to DVB

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်အတွင်း အစိုးရတပ် နဲ့ ကရင်နယ်ခြားစောင့်တပ် ပူးပေါင်းပြီး နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေစဉ် ချောင်းပစ်ခံရလို့ နယ်ခြားစောင့်တပ်ဖွဲ့ဝင် တဦးနဲ့ အရပ်သားတဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

စက်တင်ဘာ ၂ ရက်နေ့ နေ့ခင်းမှာ နယ်ခြားစောင့်တပ် အမှတ် ၁၀၁၉ က ကော့ကရိတ်မြို့နယ် ကောင်းမှုနဲ့ ပျားပင်ရွာ အနီးနားတ၀ိုက်မှာ နယ်မြေရှင်းလင်းရေးလုပ်ချိန် ချောင်းပစ်ခံရတာလို့ နယ်ခြားစောင့်တပ်ဖွဲ့ (ဘီဂျီအက်ဖ်) ပြောခွင့်ရ ဗိုလ်မှူးနိုင်မောင်ဇော်က ပြောပါတယ်။

“ကျနော်တို့လူတွေ အဲဒီမှာ အပိုင်းအပိုင်းလိုက် သူ့တပ်ခွဲအလိုက် နယ်မြေရှင်းလင်းရေး လုပ်တယ်။ လုပ်တဲ့အချိန်မှာ ပျားပင်နဲ့ ဆင်ပုန်းရွာအကြား ကျနော်တို့ဆီက ရဲဘော်တယောက် ဈေးဝယ်သွားချိန် သေနတ်နဲ့ ချောင်းပစ်ခံရတာပေါ့။ ကျနော်တို့ တပ်ခွဲစစ်ကြောင်းလည်း နီးတယ်လေ။ နီးတော့ လိုက်တော့ ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ကြတာပေါ့။ ရွာသားကတော့ ရွှေကုက္ကိုကပါပဲ။ သူက ရိက္ခာသွားပို့တော့ သေနတ်အစ မှန်သွားတာပေါ့။ ကျနော်တို့တပ်သားကတော့ အနောက်ဇက်ပိုးကနေပြီး မျက်နှာမှာ လာပေါက်ထွက်တယ်။ စိုးရိမ်ရတယ်။”

ဒဏ်ရာရရှိတဲ့ ရွာသားနဲ့ တပ်သားကိုတော့ မနေ့က မြ၀တီမြို့နယ် ပြည်သူ့ဆေးရုံမှာ ပို့ဆောင်ကုသခဲ့ပါတယ်။

မနေ့ကဖြစ်စဉ်မှာ လာရောက်ချောင်းပစ်သူတွေဟာ အရပ်သားအ၀တ်ကို ၀တ်ဆင်ထားတဲ့အတွက် ဒါဟာ အရပ်သားကို ထိခိုက်နိုင်တယ်လို့လည်း ဗိုလ်မှူးနိုင်မောင်ဇော်က ပြောပါတယ်။

မနေ့တုန်းက နယ်မြေရှင်းလင်းရေးလုပ်ချိန် ကော့ကရိတ်မြို့နယ်အတွင်းရှိ ကောင်းမှုကျေးရွာ ကောင်းခီး (ခေဘောကျိုးတောင်တန်း) မှာ နယ်ခြားစောင့်တပ်က မူးယစ်ဆေးပြား အရေအတွက် သိန်းနဲ့ချီပါတဲ့ သေတ္တာတလုံးကို သိမ်းဆည်းရမိခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013