DVB Logo
Home
မြန်မာသတင်း
ဖားကန့်တွင် လက်နက်ကြီးကျည်ကျ၍ ရွာသား ၁ ဦး သေဆုံး၊ ၁ ဦးဒဏ်ရာရ
DVB
·
April 13, 2018
ဖားကန့်တွင် လက်နက်ကြီးကျည်ကျ၍ ရွာသား ၁ ဦး သေဆုံး၊ ၁ ဦးဒဏ်ရာရ
1 / 4
Donate to DVB

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ တနိုင်းလမ်း​ကြောင်း ဒွန်းဘုံး​ကျေးရွာနားမှာ ဒီနေ့မနက်အစောပိုင်းက အစိုးရတပ်နဲ့ ကေအိုင်အေ တိုက်ပွဲဖြစ်ပွားပြီး ရွာတွင်းလက်နက်ကြီးကျည် ကျရောက်တဲ့အတွက် ဦးဇော်မင်း သေဆုံးပြီး ဇနီးဖြစ်သူ ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

မနက် ၅ နာရီခွဲလောက်မှာ တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် သူတို့မိသားစု ထွက်ပြေးဖို့ တံခါးဖွင့်ချိန်မှာ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ပြီး သေဆုံးဒဏ်ရာရခဲ့တာလို့ ရွာက သင်းအုပ်ဆရာ ဦးလရှီဘရန်အောင်က ပြောပါတယ်။

“ဒီမနက် ၅ နာရီလောက်ကဖြစ်တာလေ။  အဲမှာ သူတို့မိသားစုက ၅ ဦးရှိတယ်။ သူတို့ ကလေး ၃ ဦးက ဘာမှမဖြစ်ဘူး။ အိမ်ထောင်ဦးစီးကတော့ ဦးဇော်မြင့်ဦးပေါ့။ သူက ပေါင်ရင်းဒဏ်ရာနဲ့ ချက်ချင်းဆုံးသွားတယ်။ ဇနီးဒေါ်ထုဆန်က တင်ပါးမှာ ကျည်ဆန်ဝင်ပြီး ဒဏ်ရာနဲ့ ကျနော်တို့ နမ္မတီးတာရေး ကူညီမှုအသင်းကို အကူအညီတောင်းပြီးမှ အခု နမ္မတီးဆေးရုံမှာ ကျည်ဆန်ထုတ်နေတယ်ဗျာ။ လက်နက်ကြီးက သူအိမ်ရဲ့ ၁၂ ပေလောက်မှာကျတာ။”

လက်နက်ကြီးကျည်ကျချိန်မှာ မိဘနှစ်ဦးကို ထိခိုက်ခဲ့ပေမယ့် ကလေးတွေကိုတော့ မထိခဲ့ပါဘူး။ လက်ရှိမှာတော့ ကလေးတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးထားတယ်လို့လည်း ဦးလရှီဘရန်အောင်က ပြောပါတယ်။

အဆိုပါရွာမှာ လွန်ခဲ့တဲ့ တပတ်လောက်ကလည်း လက်နက်ကြီးကျလို နေအိမ်တလုံး ပျက်စီးခဲ့ပေမယ့် ထိခိုက်မှုမရှိခဲ့ပါဘူး။

ဧပြီ ၁၂ ရက်နေ့ကလည်း နမ္မတီမြို့ သူဌေးကုန်းကျေးရွာမှာ လက်နက်ကြီးကျည်ကျပြီး ကျည်ဆန်မှန်လို့ နွားတကောင် သေဆုံးခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၁၁ ရက်နေ့ နေ့ခင်း ၂ နာရီလောက်မှာ အစိုးရတပ်ဘက်က ကေအိုင်အေ ဌာနချုပ်ရှိရာ လိုင်ဇာအနီးမှာ လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့်  လိုင်ဇာနဲ့ ၂ မိုင်လောက်ဝေးတဲ့ လ၀န်ယန်ကျေးရွာက ငှက်ပျောခြံမှာ ကျရောက်ပေါက်ကွဲလို့ ရွာသား ၁ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

ကချင်ပြည်နယ်ဒေသတော်တော်များများမှာ အခုရက်ပိုင်းတွေမှာ ကချင်လွတ်လပ်ရေး တပ်မတော်နဲ့ အစိုးရတပ်တို့ ပစ်ခတ်တိုက်ခိုက်မှုတွေဖြစ်ပွားနေပါတယ်။

ဧပြီ ၁၁ ရက်နေ့က ကချင်လွတ်လပ်ရေးတပ်မတော်ရှိတဲ့ နေရာအတော်များများ အစိုးရက လက်လက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့သလို ရဟတ်ယာဉ်တွေနဲ့ တိုက်ခိုက်မှုတွေ ရှိနေတယ်လို့ ကချင်လွတ်လပ်ရေးတပ်မတော်က ပြောခွင့်ရသူ  ဗိုလ်မှူးကြီးနော်ဘိုက ဒီဗွီဘီကို ပြောပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013