DVB Logo
Home
နိုင်ငံတကာ
အမြင့်ဆုံးဆုတံဆိပ်ရထားသည့် သြစတြေးလျစစ်သား ၁ ဦး စစ်ရာဇဝတ်မှုဖြင့်တရားစွဲခံရ
DVB
·
April 8, 2026
Photo:Reuters
Photo:Reuters
Donate to DVB

သြစတြေးလျနိုင်ငံရဲ့ အမြင့်ဆုံးဆုတံဆိပ်ရထားတဲ့ စစ်သားတယောက်ဟာ စစ်ရာဇဝတ်မှုတွေ အများကြီးနဲ့ အဖမ်းခံရပြီးတဲ့နောက် ဧပြီ ၈ ရက်မှာ သူ့ရှေ့နေအဖွဲ့က အာမခံမတောင်းပေးလို့ အကျဉ်းထောင်ထဲမှာ ဆက်ရှိနေမယ်လို့ ဒေသခံမီဒီယာတွေက ဖော်ပြပါတယ်။

ဧပြီ ၇ ရက်မှာ ရဲတွေကအသက် ၄၇ နှစ်အရွယ် ဘန်ရောဘတ်စ်စမစ်ကို ၂၀၀၉ ခုနှစ်ကနေ ၂၀၁၂ ခုနှစ်အတွင်း အာဖဂန်နစ္စတန်နိုင်ငံထဲမှာ အရပ်သား ၅ ယောက်ကို သတ်ဖြတ်မှုနဲ့ ဆက်စပ်ပြီး စစ်ရာဇဝတ်မှု ၅ မှုနဲ့ ဖမ်းဆီးတရားစွဲဆိုခဲ့ပါတယ်။

စွဲချက်တခုစီဟာ အများဆုံးထောင်ဒဏ် တသက်တစ်ကျွန်းချမှတ်နိုင်ပါတယ်။ အင်္ဂါနေ့မှာ အာမခံ ငြင်းပယ်ခံခဲ့ရပြီး ဆစ်ဒနီမြို့အနောက်ပိုင်းက Silverwater ပြုပြင်ထိန်းသိမ်းရေးစခန်းဆီ သူ့ကို ခေါ်သွားခဲ့ပါတယ်။

Source:Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013