DVB Logo
Home
မြန်မာသတင်း
နေပြည်တော်တွင် အရပ်သား ၃ ဦးကို စက်သုံးဆီတရားမဝင်ရောင်းမှုဖြင့် ဖမ်းဆီး
DVB
·
June 27, 2026
ပုဗ္ဗသီရိမြို့နယ်ကအဖမ်းခံရသူ။ (Photo: ဒေသခံတဦး)
ပုဗ္ဗသီရိမြို့နယ်ကအဖမ်းခံရသူ။ (Photo: ဒေသခံတဦး)
Donate to DVB

စစ်အာဏာရှင်ရုံးစိုက်တဲ့ နေပြည်တော်၊ လယ်ဝေးမြို့နယ်နဲ့ ပုဗ္ဗသီရိမြို့နယ်မှာ အရပ်သား ၃ ယောက်ကို တရားမဝင် စက်သုံးဆီရောင်းချတယ်ဆိုပြီး စစ်အာဏာရှင် ရဲတွေက ဖမ်းဆီးခဲ့တယ်လို့ ရဲတပ်ဖွဲ့နဲ့နီး စပ်သူတွေဆီက သိရပါတယ်။

ဇွန် ၂၅ ရက်က လယ်ဝေးမြို့နယ်၊ ဝက္ကမူကျေးရွာက အသက် ၆၀ အရွယ်အမျိုးသားတယောက်၊ ဇွန် ၂၄ ရက်က နေပြည်တော်မြို့ဈေးထဲက အသက် ၃၀ ကျော် အရွယ် အမျိုးသားတယောက် နဲ့ ဇွန် ၂၃ ရက်က ပုဗ္ဗသီရိမြို့နယ်၊ အောင်သုခကျေးရွာက အသက် ၃၅ နှစ်အရွယ် မမီမီချစ် တို့ကို စစ်အာဏာရှင်ရဲတွေက ရက်ဆက်ဖမ်းဆီးခဲ့တာလို့ သိရပါတယ်။

နေပြည်တော်ရဲတပ်ဖွဲ့နဲ့နီးစပ်သူတယောက်က “တရားမဝင် စက်သုံးဆီ ရောင်းချမှုနဲ့ ရက်ဆက်အဖမ်းခံခဲ့ရတာ။ ရဲတွေက သတင်းအရ ၃ ရက်အတွင်း အရပ်သား ၃ ယောက်ကို ဖမ်းခဲ့တာ” လို့ ပြောပါတယ်။

စက်ဆုံးဆီတရားမဝင်းရောင်းချမှုနဲ့ အဖမ်းခံရတဲ့သူတွေနဲ့အတူ ဒီဇယ်ဂါလန် ၁၅၀၊ သံတိုင်ကီ ၄ လုံး၊ ဆီဂေါက်တံ ၂ ခု၊ 92 စက်သုံးဆီဂါလန် ၁၂၀၊ 95 စက်သုံးဆီဂါလန် ၉၀၊ ဆီကန်တော့ ၁ ခုကိုပါ စစ်အာဏာ ရှင်ရဲတွေက သိမ်းဆည်းသွားတယ်လို့ သိရပါတယ်။

အဖမ်းခံရတဲ့ အရပ်သား ၃ ယောက်ကို စစ်အာဏာရှင် ရဲတပ်ဖွဲ့က လယ်ဝေးမြို့နယ်ရဲစခန်းနဲ့ ပုဗ္ဗသီရိမြို့နယ်၊ ပတ္တာနယ်မြေရဲစခန်းမှာ ရေနံနဲ့ရေနံထွက်ပစ္စည်းဆိုင်ရာ ဥပဒေပုဒ်မ ၃၇ နဲ့ အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013