DVB Logo
Home
မြန်မာသတင်း
ရခိုင်ပြည်နယ်တွင် NVC ကတ်ကိုင်ဆောင်သူ ၁၀၀၀၀ ကျော်ရှိ
DVB
·
May 15, 2018
ရခိုင်ပြည်နယ်တွင် NVC ကတ်ကိုင်ဆောင်သူ ၁၀၀၀၀ ကျော်ရှိ
Donate to DVB

ပြီးခဲ့တဲ့ သုံးနှစ်တာကာလအတွင်း NVC ကတ် ထုတ်ပေးထားတဲ့ ဦးရေ ၆၀၀၀၀ ကျာ်ရှိပြီး  ရခိုင်ပြည်နယ်မှာ NVC ကတ်ကိုင်ဆောင်သူ ၁၀၀၀၀ ကျော်ရှိတယ်လို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောပါတယ်။

မေ ၁၄ ရက်က ပြန်လည်စတင်တဲ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ ရခိုင်ပြည်နယ်အတွင်း နိုင်ငံသားစိစစ်ခံရမယ့်သူတွေ သက်သေခံကတ်ပြား (National Verification Card) ထုတ်ပေးတာ အပါအဝင် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်တွေအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေး ကော်မတီတို့ရဲ့ လုပ်ငန်းဆောင်ရွက်မှု အခြေအနေတွေကို သက်ဆိုင်ရာ ဝန်ကြီးတွေက ရှင်းလင်းပြောသွားတာပါ။

၂၀၁၅ ဇွန် ၁ ရက်ကနေ ၂၀၁၈  မေ ၁၀ ရက်အထိ ယာယီသက်သေခံလက်မှတ် အပ်နှံသူတွေနဲ့ နိုင်ငံသားစိစစ်မှုခံယူဖို့ လိုအပ်နေသူတွေကို NVC ကတ် ထုတ်ပေးသူပေါင်း ၆၂၅၂၈ ဦးရှိတယ်၊ လျှောက်ထားဖို့ ကျန်နေသူအများစုက ရခိုင်ပြည်နယ်ကဖြစ်ပြီး ယာယီသက်သေခံ လက်မှတ်အပ်နှံသူပေါင်း ၃၉၇၄၉၇ ဦးအနက် NVC ကိုင်ဆောင်သူပေါင်း ၁၅၇၁၀ ဦးသာ ရှိတယ်လို့ ဝန်ကြီး ဦးသိန်းဆွေက ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ ယခင်သမ္မတ ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၅ ဇွန် ၁ ရက်ကနေ ၂၀၁၆ မတ် ၃၀ ရက်ထိ NVC ကိုင်ဆောင်သူ ၃၆၇၅ ဦးရှိခဲ့ပြီး ယခုအစိုးရလက်ထက် ၂၀၁၆  ဧပြီ ၁ ရက်ကနေ ၂၀၁၈ မေ ၁၀ ရက်ထိ ၁၂၀၃၅ ဦးဖြစ်တဲ့အတွက် NVC ကိုင်ဆောင်သူ စုစုပေါင်း ၁၅၇၁၀ ဦး ရှိတယ်လို့ သိရပါတယ်။

တနိုင်ငံလုံး အတိုင်းအတာအနေနဲ့ NVC ကတ်ထုတ်ပေးခဲ့တာမှာ ယခင်အစိုးရ လက်ထက်တုန်းက ၁၈၉၆၃ ဦးရှိခဲ့ပြီး ယခုအစိုးရလက်ထက်မှာ ၄၃၅၆၅ ဦးဖြစ်လို့ NVC ကတ် ထုတ်ပေးမှု စုစုပေါင်း ၆၂၅၂၈ ဦးဖြစ်တယ်လို့လည်း ဝန်ကြီးက လွှတ်တော်မှာ ရှင်းလင်း ပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်း ယာယီသက်သေခံလက်မှတ် အပ်နှံသူအများစုဟာ မြန်မာနိုင်ငံအတွင်း နေထိုင်သူတွေအဖြစ် တရားဝင်အသိအမှတ်ပြုတဲ့အနေနဲ့ ထုတ်ပေးတဲ့   NVC ကတ် ထုတ်ယူကိုင်ဆောင်ထားတာ မရှိလို့ အသိအမှတ်ပြုခံရမယ့် အခွင့်အရေးတွေ ဆုံးရှုံးနေတယ်လို့လည်း ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013