DVB Logo
Home
မြန်မာသတင်း
NVC ကတ် ကိုင်ဆောင်ထားသူများကို နိုင်ငံအတွင်း လွတ်လပ်စွာ သွားလာခွင့်ပေး
DVB
·
April 19, 2018
NVC ကတ် ကိုင်ဆောင်ထားသူများကို နိုင်ငံအတွင်း လွတ်လပ်စွာ သွားလာခွင့်ပေး
Donate to DVB

NVC (National Verification Card) ကတ်ပြား ကိုင်ဆောင်ထားသူတွေကို မြန်မာနိုင်ငံ အတွင်း သွားလိုတဲ့နေရာတွေကို ကန့်သက်ချက်မရှိ လွတ်လပ်စွာ သွားလာခွင့်ပေးထားပြီး ဖြစ်တယ်လို့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ဒီဗွီဘီကို ပြောပါတယ်။

“NVC ကတ် ကိုင်ထားတဲ့သူတွေဟာ မိမိတို့ရဲ့ ပညာရေး၊ ကျန်းမာရေးအတွက် သွားချင်တဲ့ နေရာကို သွားနိုင်အောင် အစိုးရက ခွင့်ပြုပေးထားပါတယ်။ လုံခြုံရေးအရတော့ စစ်ဆေးတာတော့ ရှိမှာပေါ့။ ဒါကလည်း ဘာမှ ပြဿနာမရှိဘူး။ ဒါပေမယ့် သူတို့က လက်နက်ကိုင် အဖွဲ့အစည်းကို မြင်ရုံနဲ့ ကြောက်ရွံ့နေကြတော့ ဘယ်မှ သိပ်မသွားကြတာကို တွေ့ရတယ်။”

ရခိုင်ပြည်နယ်အတွင်းက ဘင်္ဂါလီတွေအနေနဲ့ အစိုးရက ဆောင်ရွက်ပေးနေတဲ့ NVC သက်သေခံကတ်ပြားလုပ်ငန်းစဉ်မှာ လိုက်ပါဆောင်ရွက်ပါက အချိန်ကာလတခု ဖြတ်သန်းပြီး ၁၉၈၂ ခုနှစ်ဥပဒေနဲ့အညီ တချိန်မှာ မြန်မာနိုင်ငံသားအဖြစ် ရောက်ရှိလာမှာ ဖြစ်တယ်လို့လည်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်ကြိုင်က ဒီဗွီဘီကို ပြောပါတယ်။

“သူတို့သာ မှန်မှန်ကန်ကန်နဲ့ NVC ကတ်လာပြီးတော့ ကိုင်လိုက်မယ်။ သက်ဆိုင်ရာ မြို့နယ်ရုံးတရုံးနဲ့ ဆက်သွယ်ပြီးတော့ ဒီနိုင်ငံသား National Verification Card ပေါ့နော်။ နိုင်ငံသားစိစစ်ရေးလုပ်ငန်းစဉ်မှာ ပါဝင်ဆောင်ရွက်မယ်ဆိုရင် သူတို့က နိုင်ငံသားဖြစ်သွားမှာပါပဲ။ တကယ်လို့ မဖြစ်သေးတဲ့သူတွေကလည်း သက်ဆိုင်ရာ ကာလတခု ရောက်ရင်တော့ သူတို့ဟာ ဒီ ၈၂ ခုနှစ် နိုင်ငံသားဥပဒေအရ စစ်ဆေးခြင်းကို ဆက်လက်ခံယူနေမယ် ဆိုရင်တော့ သူတို့က ဖြစ်သွားမှာ ဖြစ်ပါတယ်။”

အစိုးရအနေနဲ့ ရခိုင်ပြည်နယ်အတွင်းက ဘင်္ဂါလီတွေကို NVC ကတ်ပြား ကိုင်ဆောင်နိုင်အောင် ကွင်းဆင်း ဆောင်ရွက်နေပေမယ့် ARSA အကြမ်းဖက် အဖွဲ့တွေရဲ့ ခြိမ်းခြောက်မှုတွေကြောင့် ဒေသခံတွေက ပူးပေါင်းလုပ်ဆောင်မှု အားနည်းနေတယ်လို့လည်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013