DVB Logo
Home
မြန်မာသတင်း
ရခိုင်ပြည်နယ်တွင် NVC ကတ် ၅၁၀၀ ကျော် ထုတ်ပေးထား
DVB
·
February 14, 2018
ရခိုင်ပြည်နယ်တွင် NVC ကတ် ၅၁၀၀ ကျော် ထုတ်ပေးထား
Donate to DVB

ရခိုင်ပြည်နယ်ထဲမှာ နိုင်ငံသားစိစစ်ခံရမယ့်သူရဲ့ သက်သေခံကတ်ပြား (National Verification Card- NVC) ၅၁၀၀ ကျော် ထုတ်ပေးခဲ့တယ်လို့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီရဲ့ ပြည်သူသို့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။

၂၀၁၆ ခုနှစ်အတွင်း NVC ကတ် ၂၄၀၀ ကျော်၊ ၂၀၁၇ ခုနှစ်အတွင်း ၂၇၀၀ ကျော် ထုတ်ပေးခဲ့တာဖြစ်ပြီး ဒီကတ်ဟာ  နိုင်ငံသားစိစစ်ရေး လုပ်ငန်းစဉ်မှာ စိစစ်မှုခံယူရန် လျှောက်ထားတဲ့ အစ္စလာမ်ဘာသာဝင်တွေကို ထုတ်ပေးတာ ဖြစ်ပါတယ်။

ဒါ့အပြင် ရခိုင်ပြည်နယ်မှာ နိုင်ငံသားစိစစ်ရေးလုပ်ငန်းစဉ်အတွင်း  ၂၀၁၆ နဲ့ ၂၀၁၇ ခုနှစ်မှာ နိုင်ငံသား ၁၅၀ ကျော်၊ နိုင်ငံသားပြုခွင့်ရသူ ၁၂၀ ကျော် စိစစ်ခွင့်ပြုပေးခဲ့တယ်လို့လည်း သိရပါတယ်။

နိုင်ငံသားစိစစ်ခံမယ့်သူတွေဟာ ဘာလက်မှတ်မှ ကိုင်ဆောင်ထားခြင်း မရှိပါက NV Card ကို ဥပဒေအနဲ့အညီ အရင်ကိုင်ဆောင်ကြရမှာ ဖြစ်တယ်၊ NV Card ရယူ ကိုင်ဆောင်နိုင်ဖို့အတွက်  ကတ်ကိုင်ဆောင်မယ့်သူတွေ ရရှိနိုင်မယ့် အခွင့်အရေးတွေနဲ့ လိုက်နာရမယ့် ကိစ္စတွေကို မူဆလင်ကျေးရွာ အုပ်ချုပ်ရေးမှူးတွေ၊ ရာအိမ်မှူးတွေ၊ ဒေသခံတွေနဲ့ ငါးဖမ်းသမားတွေကို ကော်မတီတာဝန်ရှိသူတွေက ရှင်းလင်းအသိပေး ဆောင်ရွက်နေပါတယ်။

ဒါ့အပြင် အစ္စလာမ်ဘာသာရေးအဖွဲ့တွေက ရခိုင်ပြည်နယ်အတွင်းရှိ အစ္စလာမ် ဘာသာဝင်တွေထံ နိုင်ငံသားစိစစ်မှုလုပ်ငန်းမှာ ပူးပေါင်းဆောင်ရွက်ဖို့ နှိုးဆော်စာတွေ ထုတ်ပြန် ဆောင်ရွက်နိုင်ခဲ့တယ်လို့လည်း ကော်မတီရဲ့အစီရင်ခံစာမှာ ဖော်ပြပါတယ်။

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ရဲ့ အကြံပြုချက်တွေကို အကောင်အထည်ဖော် ဆောင်ရွက်မယ့် ကော်မတီတရပ်ကို အစိုးရက ၂၀၁၇ အောက်တိုဘာလမှာ စတင်ဖွဲ့စည်းပေးခဲ့ပြီး လေးလ တကြိမ် ပြည်သူကို အစီရင်ခံဖို့ တာဝန်ပေးထာတာ ဖြစ်ပါတယ်။

Photo : Prof Win Myat Aye

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013