DVB Logo
Home
မြန်မာသတင်း
မွန်ပြည်နယ် တရားလွှတ်တော်ရုံးဝန်ထမ်းကို ရောင်းစားခဲ့သည့် ရဲ ၂ ဦး ဖမ်းဆီးခံရ
DVB
·
September 12, 2026
Photo : Wintyamon Nwe
Photo : Wintyamon Nwe
Donate to DVB

မွန်ပြည်နယ်တရားလွှတ်တော်ရုံးက သန့်ရှင်းရေးဝန်ထမ်းကိုရောင်းစားခဲ့တဲ့ ရဲ ၂ ယောက်ကို စစ်အာဏာရှင်တပ်က စက်တင်ဘာ ၁၀ ရက်မှာ ဖမ်းဆီးစစ်ဆေးနေတယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူ တွေဆီက သိရပါတယ်။

စက်တင်ဘာ ၈ ရက် ည ၇ နာရီမှာ မွန်ပြည်နယ်တရားလွှတ်တော်ရုံးက သန့်ရှင်းရေး ဝန်ထမ်း တယောက်ဟာ သံလွင်တံတားစစ်ဆေးရေးဂိတ်က ရဲ ၂ ယောက်နဲ့ အရက် အတူတူသောက်ရာကနေ ရောင်းစားခံရတာလို့ ဖြစ်စဥ်သိသူတယောက်က DVB ကိုပြောပါတယ်။

“ရုံးကအပြန် သံလွင်တံတားစစ်ဆေးရေးဂိတ်က ရဲတွေနဲ့ အရက်အတူတူသောက်ရင်း ပျောက်သွား တာ ၂ ရက်ကြာတယ်။ တရားလွှတ်တော်ရုံးကအကူအညီနဲ့ မနေ့က ပြန်လွတ်လာတာ။ ပြန်လွတ် လာတယ်ဆိုပဲ သူ့ကိုရောင်းစားသွားတဲ့ ရဲ ၂ ယောက်ကို တိုင်တာ။ အခု အဲဒီရဲ ၂ ယောက်ကို ဖမ်းပြီး စစ်ဆေးနေတယ်” လို့ ပြောပါတယ်။

ဖမ်းဆီးခံရတဲ့ ရဲ ၂ ယောက်ဟာ သံလွင်တံတားမှာ လုံခြုံရေးယူနေသူတွေဖြစ်ပြီး  တရားလွှတ်တော်ရုံးဝန်ထမ်းကို မုဒုံမြို့နယ်မှာ ရောင်းစားခဲ့တာလို့ Non CDM ဝန်ထမ်း တယောက်က DVB ကို ပြောပါတယ်။

“စခန်းရဲလား၊ ရဲတပ်ရင်းကလားတော့ မသိဘူး။ မော်လမြိုင်ရဲစခန်းမှာ စစ်ဆေးနေတယ်။ သူတို့သွားရောင်းစားတဲ့ဝန်ထမ်းက ခြေထောက်တဖက် သိပ်မသန်ဘူး။ အဲဒါကြောင့် ပြန်လွတ် လာတာ။ အခုက ဘယ်သူမှမယုံရတော့ဘူး။ ကြုံရင် ပေါ်တာဆွဲဖမ်းဆီးပြီး ရောင်းစားနေတာ” လို့ ပြောပါတယ်။

အဲဒီရဲ ၂ ယောက်ကို မော်လမြိုင်ရဲစခန်းမှာ ပုဒ်မ ၃၅၆/၁၁၄ နဲ့ အမှုဖွင့်ထားတယ်လို့ သူက ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၁၉ ရက်ကလည်း မွန်ပြည်နယ်လွှတ်တော်မှာ လုံခြုံရေးယူနေတဲ့ ရဲတပ်သား တယောက်ကို ဖမ်းဆီးပြီး ကျားဖောင်လုပ်ငန်းဆီမှာ သွားရောင်းစားခဲ့တဲ့ စစ်တပ်က ဒုတပ်ကြပ် တင်သန်း အပါအဝင် စစ်သား ၃ ယောက် ဖမ်းဆီးခံခဲ့ရပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013