DVB Logo
Home
Lead Story
မြန်မာအပါအဝင် ကမ္ဘာတဝန်း ပညာရေးအပေါ်တိုက်ခိုက်မှု မြင့်တက်
DVB
·
June 15, 2026
တနင်္သာရီမြို့နယ်၊ တကူတိုက်နယ်ရှိ စာသင်ကျောင်းကို စစ်တပ် ဗုံးကြဲမှုကြောင့် အပျက်အစီးမြင်ကွင်း။ (Photo: တကူဒေသခံတဦး)
တနင်္သာရီမြို့နယ်၊ တကူတိုက်နယ်ရှိ စာသင်ကျောင်းကို စစ်တပ် ဗုံးကြဲမှုကြောင့် အပျက်အစီးမြင်ကွင်း။ (Photo: တကူဒေသခံတဦး)
Donate to DVB

မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာတဝန်းက စာသင်ကျောင်းတွေ၊ ကျောင်းသားတွေနဲ့ ဆရာ၊ ဆရာမ ကျောင်းအမှုထမ်းတွေအပေါ် တိုက်ခိုက်မှုဟာ ၄၀ ရာခိုင်နှုန်းအထိ မြင့်တက်လာတယ်လို့ လတ်တလော လေ့လာမှုတရပ်မှာ ဖော်ပြထားပါတယ်။

၂၀၂၄ ခုနှစ်နဲ့ ၂၀၂၅ ခုနှစ်တို့မှာ နိုင်ငံပေါင်း ၈၃ နိုင်ငံက ဒီလိုတိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပြီး မြန်မာနိုင်ငံကတော့ ထိခိုက်သေဆုံးမှု အများဆုံးနိုင်ငံတွေထဲမှာ ပါဝင်နေပါတယ်။

အဲဒီကာလတွေမှာ မြန်မာနိုင်ငံက ကျောင်းသားနဲ့ ဆရာ၊ ဆရာမ အနည်းဆုံး အယောက် ၈၀ သေဆုံးပြီး ၂၄၀ လောက် ဒဏ်ရာရခဲ့ပါတယ်။

ကမ္ဘာတဝန်းမှာ ဆိုရင်တော့ စုစုပေါင်း လူ ၁၀,၆၀၀ ကျော် သေဆုံး၊ ဒဏ်ရာရ ဒါမှမဟုတ် ဖမ်းဆီးခံခဲ့ရပါတယ်။

ပညာရေးအပေါ် တိုက်ခိုက်ခံရမှု အများဆုံး တခြားနိုင်ငံတွေကတော့ နိုင်ဂျီးရီးယား၊ ယီမင်၊ ကင်မရွန်း၊ ပါလက်စတိုင်းနဲ့ ယူကရိန်းတို့ ဖြစ်ပါတယ်။

စာသင်ကျောင်းတွေနဲ့ တက္ကသိုလ်တွေကို လက်နက်ကိုင်တပ်ဖွဲ့တွေက ဝင်ရောက်တပ်စွဲတဲ့ ဖြစ်စဉ်တွေဟာလည်း အရင်နှစ်တွေထက် ၉၁ ရာခိုင်နှုန်းအထိ နှစ်ဆနီးပါး တိုးလာခဲ့ပါတယ်။

တိုက်ခိုက်မှုတွေကနေ ပညာရေးကို ကာကွယ်စောင့်ရှောက်ရေး ကမ္ဘာလုံးဆိုင်ရာ ညွန့်ပေါင်းအဖွဲ့ (GCPEA) ရဲ့ ညွှန်ကြားရေးမှူး လီဆာ ချန်ဘန်ဒါက “ဒီအချက်အလက်တွေဟာ ကလေးတွေကို ကာကွယ်ပေးထားတဲ့ ကမ္ဘာလုံးဆိုင်ရာ စံနှုန်းတွေ ပြိုလဲနေပြီဆိုတာကို သတိပေးလိုက်တာ ဖြစ်တယ်” လို့ ပြောပါတယ်။

ဒီတိုက်ခိုက်မှုတွေမှာ အမျိုးသမီးတွေနဲ့ မသန်စွမ်းသူတွေကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတာတွေ ရှိသလို ဒရုန်းတွေနဲ့ ပေါက်ကွဲအားပြင်း လက်နက်တွေကိုလည်း အများဆုံး အသုံးပြုခဲ့ကြပါတယ်။

အခုလို ပညာရေးကဏ္ဍအပေါ် တိုက်ခိုက်မှုတွေ မြင့်တက်လာတာဟာ ဒုတိယကမ္ဘာစစ်အပြီး နိုင်ငံတွေအကြား ပဋိပက္ခဖြစ်ပွားမှု အမြင့်ဆုံးကို ရောက်ရှိနေချိန်နဲ့လည်း တိုက်ဆိုင်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013