DVB Logo
Home
မြန်မာသတင်း
လေဖိအားနည်းရပ်ဝန်း ကုန်းတွင်းပိုင်းကိုဝင်ရောက်ပြီး အားလျော့ကျသွား
DVB
·
May 2, 2018
လေဖိအားနည်းရပ်ဝန်း ကုန်းတွင်းပိုင်းကိုဝင်ရောက်ပြီး အားလျော့ကျသွား
Donate to DVB

ကပ္ပလီပင်လယ်ပြင်မှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ မုတ္တမကွေ့အတွင်းမှ ဖြတ်သန်းကာ ကုန်းတွင်းသို့ ဝင်ရောက်သွားခဲ့ပြီး အားလျော့ကျသွားပြီဖြစ်တယ်လို့ မိုးလေဝသ ပညာရှင် ဒေါက်တာထွန်းလွင်က ခန့်မှန်းထုတ်ပြန်ပါတယ်။

မေ ၁ ရက် ညနေပိုင်းမှာ လေဖိအားနည်းရပ်ဝန်းဟာ မွန်ပြည်နယ် ကမ်းရိုးတန်းကို ဖြတ်ကျော်ကာ ကုန်းတွင်းသို့ဝင်ရောက်ပြီး မနေ့ညနေ ၆ နာရီခွဲအချိန်က ကုန်းတွင်းပိုင်း မိုးအများဆုံးရွာသွန်းတဲ့ ဒေသဟာ ထိုင်းနိုင်ငံမြောက်ပိုင်းမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်းဒေသကြီး တို့မှာလည်း မိုးကောင်းခဲ့တယ်လို့ ဆိုပါတယ်။

မိုးဇလဌာနရဲ့ မတ်လ ၂ ရက် ဒီကနေ့မနက် ၇ နာရီအချိန် ထုတ်ပြန်ချက်မှာတော့ ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ မြောက်-အရှေ့မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး မုတ္တမကွေ့အနီး ဆက်လက်တည်ရှိနေပြီး နောက် ၁၂ နာရီအတွင်း ကုန်းတွင်းသို့ ဝင်ရောက်မယ်လို့ ခန့်မှန်းထားပါတယ်။

မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ ရံဖန်ရံခါ မိုးသက်လေပြင်းတွေ ကျရောက်ပြီး လှိုင်းကြီးမယ်၊ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေဟာ တနာရီလျှင် ၃၅ မိုင်မှ မိုင် ၄၀ အထိ တိုက်ခတ်နိုင်တယ်လို့ ဆိုပါတယ်။

ကျန်မြန်မာ့ပင်လယ်ပြင်မှာ လှိုင်းအသင့်အတင့်ရှိမယ်၊ လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ ၈ ပေမှ ၁၀ ပေခန့်နဲ့  ရခိုင်ကမ်းရိုးတန်း တလျှောက်မှာ ၄ ပေမှ ၆ ပေခန့် ရှိနိုင်တယ်လို့လည်း မိုးဇလက ခန့်မှန်းထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013