DVB Logo
Home
မြန်မာသတင်း
လေဖိအားနည်းရပ်ဝန်း ဖြစ်ပေါ်နေ၊  လေစိုင်ဝဲအဖြစ် ဧရာဝတီတိုင်းကို ဝင်ရောက်ဖွယ်ရှိနေ
DVB
·
April 30, 2018
လေဖိအားနည်းရပ်ဝန်း ဖြစ်ပေါ်နေ၊  လေစိုင်ဝဲအဖြစ် ဧရာဝတီတိုင်းကို ဝင်ရောက်ဖွယ်ရှိနေ
Donate to DVB

ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းမှာ  လေဖိအားနည်းရပ်ဝန်း ဖြစ်ပေါ်နေပြီး  လေစိုင်ဝဲအဖြစ်နဲ့ ဧရာဝတီတိုင်းအတွင်း ဝင်ရောက်ဖွယ် ရှိနေတယ်လို့ မိုးလေဝသပညာရှင် ဒေါက်တာဦးထွန်းလွင်က  ဒီကနေ့ ဧပြီ ၃၀ ရက် မနက် ၈ နာရီ ၂၁ မိနစ်မှာ ခန့်မှန်းထုတ်ပြန်ထားပါတယ်။

ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းမှာ လေဖိအားနည်းရပ်ဝန်းဟာ အနည်းငယ်ပိုမို အားကောင်းလာနေတယ်။ လေဖိအားနည်းရပ်ဝန်းကြောင့် ကြီးမားတဲ့ တိမ်တိုက်ကြီးတွေ တနင်္သာရီကမ်းလွန်ဒေသမှာ ဖြစ်ပေါ်နေတယ်လို့ ဆိုပါတယ်။

လေဖိအားနည်းရပ်ဝန်း လေစိုင်ဝဲဟာ မြောက်အရှေ့စူးစူးအရပ်ကို ဦးတည်ရွေ့လျားလာပြီး မေလ ၁ ရက် ညနေပိုင်းမှ မေလ ၂ ရက်  မနက်ပိုင်းမှာ ဧရာဝတီတိုင်းအတွင်းကို ဖြတ်ကျော် ဝင်ရောက်လိမ့်မယ်လို့ ခန့်မှန်းပါတယ်။

အများဆုံး လေတိုက်နှုန်းမှာ တနာရီကို ပင်လယ်ရေမိုင် ၂၅-၃၀ လောက် (ကုန်းမိုင် ၄၀-၃၅ ) ခန့် တိုက်ခတ်နိုင်တယ်လို့ သိရပါတယ်။

အလားတူ မိုးဇလဌာနကလည်း ကပ္ပလီပင်လယ်ပြင်မှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်း ဆက်လက်တည်ရှိနေပြီး  အဆိုပါ လေဖိအားနည်းရပ်ဝန်းဟာ ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ တစ်ခါတစ်ရံ မိုးသက်လေပြင်းတွေ ကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်တယ်။ မိုးသက်လေပြင်းကျစဉ် ရေပြင်၊ မြေပြင်လေဟာ တနာရီလျှင် ၃၅ မိုင်အထိ တိုက်ခတ်နိုင်တယ်လို့ မိုးဇလက ခန့်မှန်းပါတယ်။

ကျန်မြန်မာ့ပင်လယ်ပြင်မှာ လှိုင်းအသင့်အတင့်ရှိမှာ ဖြစ်ပြီး လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ ၇ ပေမှ ၉ ပေခန့်နဲ့ ကျန်မြန်မာ့ပင်လယ်ပြင်မှာ ၄ ပေမှ ၆ ပေခန့် ရှိနိုင်တယ်လို့ ဆိုပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီးနဲ့ ကချင်ပြည်နယ်တို့မှာ နေရာအနှံ့အပြား၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ချင်းပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့မှာ နေရာစိပ်စိပ်၊ မကွေးတိုင်းဒေသကြီးနဲ့ ကယားပြည်နယ်တို့မှာ နေရာကျဲကျဲနဲ့ ကျန်တိုင်းဒေသကြီးနဲ့ ပြည်နယ်တို့မှာ နေရာကွက်ကျား မိုးထစ်ချုန်းရွာဖို့ရှိပြီး  ရွာရန်ရာနှုန်း ၈၀ ဖြစ်တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013