ရူဘင် နီဗက်စ်ကို လှောင်ပြောင်ခဲ့တဲ့ ပရိသတ်တွေကို ကွင်းဝင်ခွင့် တသက်တာပိတ်ပင်ဖို့ ခရစ္စတီယာနို ရော်နယ်ဒိုက တောင်းဆိုလိုက်ပါတယ်။
အဆိုပါ ပရိသတ်တွေဟာ ကွယ်လွန်သွားသူ ဒီယိုဂို ဂျိုတာရဲ့ နာမည်ကို သုံးပြီး ရိုင်းစိုင်းစွာ လှောင်ပြောင်ခဲ့ကြတာပါ။
ဆော်ဒီပရိုလိဂ် ပွဲစဉ်အတွင်း အယ်လ်တာအာဝွန် ပရိသတ်တချို့က အခုလို အော်ဟစ်ခဲ့ကြတာ ဖြစ်ပါတယ်။
နီဗက်စ် ကတော့ ဘုရားသခင် ကြည့်ရှုနေတယ်ဆိုတဲ့ သင်္ကေတမျိုး ပြပြီး တုံ့ပြန်ခဲ့ပါတယ်။
ရော်နယ်ဒိုက အဆိုပါလုပ်ရပ်ဟာ ဘောလုံးရဲ့ စည်းကျော်သွားတာလို့ ဆိုပါတယ်။ လိဂ်တာဝန်ရှိသူတွေအနေနဲ့ ပြင်းပြင်းထန်ထန် အရေးယူသင့်ကြောင်းလည်း ရေးသားခဲ့တာပါ။
ဆော်ဒီ သတင်းမီဒီယာတွေကလည်း အဆိုပါလုပ်ရပ်ကို ဝေဖန်ခဲ့ကြပါတယ်။











