DVB Logo
Home
မြန်မာသတင်း
ကမ္ဘာ့အပူဆုံးမြို့များတွင် မြန်မာနိုင်ငံက မြို့ ၅ မြို့ပါဝင်
DVB
·
April 1, 2026
  ကမ္ဘာ့အပူဆုံးမြို့များတွင် မြန်မာနိုင်ငံက မြို့ ၅ မြို့ပါဝင်
Donate to DVB

ကမ္ဘာ့အပူဆုံးမြို့တွေထဲမှာ မြန်မာနိုင်ငံက မြို့ ၅ မြို့ပါဝင်လာပြီး မင်းဘူးမြို့ဟာ မတ် ၃၁ ရက် ညနေပိုင်းက ကမ္ဘာ့အပူချိန်အမြင့်ဆုံးမြို့အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

ကမ္ဘာတဝန်းလုံးရဲ့ မိုးလေဝသအခြေအနေတွေကို အသေးစိတ်ဖော်ပြပေးနေတဲ့ အမေရိကန်အခြေစိုက် Eldorado Weather ဝက်ဘ်ဆိုက်ရဲ့ အပူချိန်အမြင့်ဆုံး ၁၅ မြို့စာရင်းမှာ မတ် ၃၁ ရက် နေ့လယ်ပိုင်းက မြန်မာနိုင်ငံရဲ့ မြို့ ၄ မြို့ပါဝင်နေခဲ့တာပါ။

နေ့လယ် ၁ နာရီခွဲအချိန်မှာ မင်းဘူးမြို့က အပူချိန် ၄၂ ဒသမ ၂ ဒီဂရီ စင်တီဂရိတ်နဲ့ နံပါတ် ၂ နေရာမှာ ရှိပြီး တောင်ငူမြို့က ၄၁ ဒသမ ၃ ဒီဂရီနဲ့ နံပါတ် ၉၊ မကွေးမြို့က ၄၁ ဒီဂရီနဲ့ နံပါတ် ၁၁၊ ပဲခူးမြို့က နံပါတ် ၁၃ နေရာမှာ ရှိပါတယ်။

မိုးလေဝသပညာရှင် ဦးဝင်းနိုင်ရဲ့ မှတ်တမ်းအရ ညနေ ၄ နာရီခွဲမှာတော့ ချောက်မြို့က အပူချိန် ၄၁ ဒီဂရီစင်တီဂရိတ်နဲ့ စာရင်းမှာ ပါဝင်လာတာကြောင့် မြို့ ၅ မြို့ရှိလာခဲ့ပါတယ်။

ည ၁၀ နာရီခွဲမှာတော့ မကွေးတိုင်း၊ မင်းဘူးမြို့ဟာ ၄၃ ဒီဂရီစင်တီဂရိတ်နဲ့ ကမ္ဘာမှာ အပူချိန် အမြင့်ဆုံးမြို့ ဖြစ်လာပြီး သဲကန္တာရ အိုမန်နိုင်ငံ၊ ကာလ်ဟတ်မြို့က နံပါတ် ၂ နေရာကို ရောက်သွားပါတယ်။

ဒါ့အပြင် မကွေးမြို့က ၄၂ ဒသမ ၇ ဒီဂရီနဲ့ နံပါတ် ၃၊ ချောက်မြို့က ၄၁ ဒသမ ၃ ဒီဂရီနဲ့ နံပါတ် ၅၊ တောင်ငူမြို့က ၄၁ ဒီဂရီနဲ့ နံပါတ် ၉၊ ပြည်မြို့က ၄၀ ဒသမ ၆ ဒီဂရီနဲ့ နံပါတ် ၁၂ နေရာမှာ ရှိခဲ့ပါတယ်။

ချောက်မြို့ဟာ မနှစ်က ဧပြီလမှာ အပူချိန် ၄၅ ဒီဂရီစင်တီဂရိတ်နဲ့ ကမ္ဘာ့အပူဆုံးမြို့ဖြစ်ခဲ့သလို ၂၀၂၃ ခုနှစ်၊ ဧပြီလကလည်း  ၄၅ ဒီဂရီစင်တီဂရိတ်နဲ့ ကမ္ဘာ့အပူဆုံးမြို့ဖြစ်ခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013