DVB Logo
Home
မြန်မာသတင်း
သုံးစွဲရန်မသင့်သည့် ROBISIS အလှကုန်ပစ္စည်း ၃ မျိုး FDA ထုတ်ပြန်
DVB
·
April 26, 2018
သုံးစွဲရန်မသင့်သည့် ROBISIS အလှကုန်ပစ္စည်း ၃ မျိုး FDA ထုတ်ပြန်
Donate to DVB

မလေးရှားနဲ့ ထိုင်းနိုင်ငံထုတ် ROBISIS အလှကုန်ပစ္စည်း ၃ မျိုးကို သုံးစွဲဖို့ မသင့်တဲ့ကြောင်း  အစားအသောက်နှင့် ဆေးဝါးကွပ်ကဲမှုဦးစီးဌာန (FDA)က ကြေညာ ပါတယ်။

မလေးရှားနိုင်ငံ Sky Resources ကုမ္ပဏီနဲ့ ထိုင်းနိုင်ငံ Cosmaprof ကုမ္ပဏီတို့မှ ထုတ်လုပ်ပြီး မလေးရှားနိုင်ငံ Yon Sing ထရိတ်ဒင်းကုမ္ပဏီက တင်ပို့တဲ့ ROBISIS အမှတ်တံဆိပ် ROBISIS Fade-out Cream Day Cream၊ ROBISIS Whitening Cream Night Cream၊ ROBISIS Anti-Acne Whitening Day & Night Cream စတဲ့ အလှကုန်ပစ္စည်း ၃ မျိုးကို မသုံးစွဲကြဖို့ ထုတ်ပြန်လိုက်ပါတယ်။

ပြည်တွင်းနဲ့ အွန်လိုင်းမှာ ဖြန့်ဖြူးရောင်းချနေတဲ့ အဆိုပါ ROBISIS အလှကုန်ပစ္စည်း ၃ မျိုးကို စစ်ဆေးရာမှာ တားမြစ် ဓာတုပစ္စည်း မာကျူရီတွေ ပါဝင်နေကြောင်း ဓာတ်ခွဲတွေ့ရှိခဲ့တယ်လို့ FDA ဆိုပါတယ်။

အဆိပ်သင့် ဓာတုပစ္စည်း မာကျူရီဟာ အရေးပြားယားယံတာ၊ ရောင်ရမ်းတာ၊ အဖြူ အနီကွက်တွေ ဖြစ်တာနဲ့ အရေးပြားကတဆင့် ခန္ဓာကိုယ်တွင်းကို စုပ်ယူပြီး ထုံကျဉ်တာ၊ ကြွက်သားတုန်ခါတာ၊ ပင်ပန်းနွမ်းနယ်တာ၊ ခေါင်းကိုက်တာနဲ့ စိတ်ကျရောဂါအပြင် ရေရှည်သုံးစွဲရင် ကျောက်ကပ်ပျက်စီးတာနဲ့ တခြားရောဂါတွေ ဖြစ်နိုင်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013