DVB Logo
Home
မြန်မာသတင်း
၈၈၈၈ အရေးတော်ပုံ ၃၈ နှစ်မြောက်အခမ်းအနား နယူးယောက်တွင် ကျင်းပ
သုတချမ်းသာ
·
August 9, 2026
၈၈၈၈ အရေးတော်ပုံ ၃၈ နှစ်မြောက်အခမ်းအနား နယူးယောက်တွင် ကျင်းပ
1 / 19
Donate to DVB

၈၈၈၈ အရေးတော်ပုံ ၃၈ နှစ်မြောက် အခမ်းအနားကို အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့၊ Time Square ရင်ပြင်မှာ ဒေသစံတော်ချိန် ဩဂုတ် ၈ ရက်နေ့က ကျင်းပခဲ့ပါတယ်။

The New York City BURMESE COMMUNITY (NYCBC) က ဦးဆောင် ကျင်းပခဲ့တာဖြစ်ပြီး အရေးတော်ပုံမှာ ကျဆုံးခဲ့သူတွေ၊ ထိခိုက်နစ်နာခဲ့ရသူတွေနဲ့ မိသားစုတွေအတွက် ရည်ရွယ်တဲ့ အောက်မေ့ဖွယ်အစီအစဉ်တွေလည်း ပါဝင်ခဲ့ပါတယ်။ 

NYCBC က ဦးနေတင်မြင့် က “အမိမြန်မာပြည်မှာရှိတဲ့ပြည်သူလူထုကို သတင်းကောင်း ပေးချင်ပါတယ်။ ကျနော်တို့ဟာ သူတို့နဲ့ တသားတည်း တထပ်တည်း ရှိတယ်ဆိုတာကို ဒီနေ့ ဒီအချိန်မှာ ကျနော်တို့ ဖော်ပြနေခြင်း ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံ၊ နယူးယောက်သာမကပါဘူး။ တကမ္ဘာလုံးမှာရှိတဲ့ ပြန့်ကျဲနေတဲ့ တော်လှန်အင်အားစုတွေက မြန်မာပြည်အတွက် ဒီလို လုပ်ဆောင်ပေးခြင်း ဖြစ်ပါတယ်။ ကျနော်တို့ရဲ့ မြန်မာပြည်မှာ လွတ်လပ်မှု၊ တရားမျှတမှု၊ တန်းတူညီမျှရှိမှုအတွက် မပြီးမချင်း ကျနော်တို့ ဆက်လက်တိုက်ပွဲဝင်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကို ချမှတ်ပြီးတော့ လုပ်ဆောင်မယ်လို့ မြန်မာပြည်မှာရှိတဲ့ ပြည်သူလူထုကို သတင်းကောင်းပေးချင်ပါတယ်” လို့ ပြောပါတယ်။

၁၉၈၇ မတ်လ ကျောင်းသားအရေးအခင်းကနေ စတင်အခြေခံခဲ့ပြီး ဒီမိုကရေစီ တောင်းဆိုတဲ့ ကျောင်းသား၊ ပြည်သူအများအပြားကို အာဏာရှင်ဦးနေဝင်းက အကြမ်းဖက်ဖမ်းဆီး ပစ်ခတ်သတ်ဖြတ်ခဲ့တာကြောင့် ၈၈၈၈ အရေးတော်ပုံဟာ ထင်ရှားတဲ့ သမိုင်းဖြစ်စဉ်တခု ဖြစ်ပါတယ်။ 

လက်ရှိအချိန်အထိ ဒီမိုကရေစီအရေးကို ကျန်ရစ်သူတွေက ဆက်လက်တိုက်ပွဲဝင် တောင်းဆိုနေတာ ဖြစ်ပြီး နွေဦးတော်လှန်ရေးမှာ ဆက်လက်ပံ့ပိုးသွားမယ်လို့ ဆန္ဒပြပွဲမှာ ပူးပေါင်းပါဝင်သူတွေက ပြောပါတယ်။ 

ဆန္ဒပြပွဲ ပူးပေါင်းပါဝင်သူတယောက်ဖြစ်တဲ့ ကိုစိုးဝင်းက “ပေးချင်တဲ့ သတင်းစကားကတော့ လူတိုင်းလူတိုင်း ကျရာနေရာကနေ ပံ့ပိုးပေးပါ။ ကိုယ် တတ်နိုင်သလောက် တော်လှန်ရေးမှာ ပါဝင်ပေးပါ။ အဲဒါ ပြောလိုပါတယ်။ အကြံပြုလိုပါတယ်” လို့ ပြောပါတယ်။

နိုင်ငံတကာရောက် မြန်မာတွေဟာ သက်ဆိုင်ရာနိုင်ငံတွေက သံရုံးတွေ၊ ဌာနဆိုင်ရာ အဆောက်အအုံတွေနဲ့ လွှတ်တော်တွေရှေ့မှာ ၈၈၈၈ အရေးတော်ပုံအခမ်းအနားတွေကို နှစ်စဉ် ကျင်းပခဲ့တာပါ။ 

မြန်မာစစ်တပ်ရဲ့ အကြမ်းဖက်မှုတွေကို နိုင်ငံတကာက မမေ့လျော့ဖို့နဲ့ ပြည်သူတွေ လိုလားတဲ့ ဖက်ဒရယ် ဒီမိုကရေစီစနစ် တည်ထောင်နိုင်ရေးအတွက် တိုက်တွန်းတောင်းဆိုတာတွေ ဆက်တိုက် ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013