DVB Logo
Home
မြန်မာသတင်း
ဧရာဝတီတိုင်းစည်ပင်ညွှန်မှူးကို ရာထူးချ အရေးယူ
DVB
·
April 20, 2018
ဧရာဝတီတိုင်းစည်ပင်ညွှန်မှူးကို ရာထူးချ အရေးယူ
Donate to DVB

ဧရာဝတီတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးအောင်မင်းနိုင်ကို ညွှန်ကြားရေးမှူးရာထူးကနေ ဒုညွှန်ကြားရေးမှူးရာထူးကိုတဆင့်ချပြီး ဖျာပုံမြို့မှာ တာဝန်ပြောင်းရွှေ့ ချထားလိုက်ပါတယ်။

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ အစည်းအဝေးဆုံးဖြတ်ချက်အရ  ဧပြီ ၁၉ ရက်မှာ ရာထူးချထားလိုက်တာဖြစ်ပြီး ဝန်ထမ်းစည်းမျဉ်းစည်းကမ်းတွေကို ချိုးဖောက်တာကြောင့် အရေးယူတာလို့ တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ဦးကျော်မြင့်က ဒီဗွီဘီကို ပြောပါတယ်။

ဒါပေမယ့် ဘယ်လိုအချက်အလက်တွေကို ချိုးဖောက်တာကြောင့် ခုလို အရေးယူရတယ် ဆိုတာကိုတော့  အသေးစိတ် ပြောကြားခြင်း မရှိပါဘူး။

စည်ပင်သာယာရေးဖွဲ့တွေဟာ သက်ဆိုင်ရာ တိုင်းဒေသကြီးအစိုးရရဲ့ တိုက်ရိုက်စီမံကွပ်ကဲမှုအောက်မှာရှိပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့က ရားထူးခန့်အပ် ရွှေ့ပြောင်းတာတွေ ပြုလုပ်နိုင်ပါတယ်။

လက်ရှိ လစ်လပ်နေတဲ့ ညွှန်မှူးနေရာကိုတော့ တိုင်းစည်ပင်သာယာရေးအဖွဲ့ အင်ဂျင်နီယာမှူးကြီး ဦးနိုင်လင်းမောင်ကို ခေတ္တတာဝန်ပေးထားပါတယ်။

အရေးယူခံရတဲ့ ဧရာဝတီတိုင်းဒေသကြီး စည်ပင်သာယာရေးညွှန်ကြားရေးမှူးကို ဝန်ကြီးချုပ်ဟောင်း ဦးသိန်းအောင် လက်ထက်က ညွှန်ကြားရေးမှူးအနေနဲ့ ခန့်အပ်ခဲ့တာဖြစ်ပြီး ခုလို အရေးယူခံရတာနဲ့ ပတ်သက်ပြီး ထုတ်ဖော်ပြောဆိုခြင်းမရှိသေးပါဘူး။

ဧရာဝတီတိုင်းဒေသကြီးအနေနဲ့ အန်အယ်လ်ဒီအစိုးရ တက်လာပြီးတဲ့နောက် တိုင်းအဆင့် ညွှန်ကြားရေးမှူးတဦး ခုလို အရေးယူခံရတာဟာ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013