DVB Logo
Home
မြန်မာသတင်း
ပုဂံ-ညောင်ဦးဒေသရှိ ထန်းတောများထိန်းသိမ်းရေး စေတနာရှင်များဆောင်ရွက်နေ
DVB
·
April 19, 2018
ပုဂံ-ညောင်ဦးဒေသရှိ ထန်းတောများထိန်းသိမ်းရေး စေတနာရှင်များဆောင်ရွက်နေ
Donate to DVB

 

ပုဂံ-ညောင်ဦး-ကျောက်ပန်းတောင်း ကားလမ်းတလျှောက်က ထန်းတောတွေ ထိန်းသိမ်းရေးအတွက် တော်ဝင်ထန်းလို့ အမည်ပေးထားတဲ့ စေတနာရှင်တွေက ဆောင်ရွက်နေပါတယ်။

စေတနာရှင်တွေဖြစ်တဲ့ မပိုးဖြူနဲ့ သူရဲ့သူငယ်ချင်းအလှူရှင်က ကျပ်သိန်း ၃၀၀ ကနဦး မတည်ပြီး ဆောင်ရွက်နေတာပါ။

စေတနာရှင်မပိုးဖြူက “ကျမတို့နိုင်ငံရဲ့ ပုဂံ-ညောင်ဦးဆိုတာက တန်ဖိုးမဖြတ်နိုင်တဲ့ အမွေအနှစ်နေရာတခုပါ။ ပုဂံ-ညောင်ဦးနဲ့ ၃၅ မိနစ်အကွာမှာ ရှိတဲ့ဒီထန်းတောတွေကလည်း နိုင်ငံကျက်သရေကို ပိုပြီးပြည့်စုံစေပါတယ်။ ဒေသခံထန်းသမားတွေဆီက ထန်းပင်ဝယ်ဖို့ တိုင်ပင်နေတယ်”လို့ သူရဲ့လူမှုကွန်ရက်မှာရေးပါတယ်။

ပုဂံ-ညောင်ဦးနဲ့ ကျောက်ပန်းတောင်းလမ်းတလျောက်မှာ ထန်းတောတွေကို ခုပ်နေကြတဲ့အတွက် ကွင်းပြင်ကြီးတွေ တစစ ဖြစ်လာနေပါတယ်။

ဒ့ါကြောင့် ထန်းပင်ထိန်းသိမ်းရေးအတွက် ဟောပြောပွဲနဲ့ ထန်းလျက်နဲ့ ထန်းထွက်ပစ္စည်း ၁၀ ရက်သင်တန်းပေးနိုင်ဖို့ ကျောက်ပန်းတောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရွှေကိုနဲ့ ဆွေးနွေးထားတယ်လို့လည်း မပိုးဖြူကပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013