DVB Logo
Home
မြန်မာသတင်း
ကရင်အမျိုးသားငြိမ်းချမ်းရေးတည်ဆောက်မှုကော်မတီတွင်  KNU မပါဝင် 
May 1, 2026
KNLA တပ်ဖွဲ့ဝင်များ (Photo : DVB) 
KNLA တပ်ဖွဲ့ဝင်များ (Photo : DVB) 
Donate to DVB

ကရင်အမျိုးသားငြိမ်းချမ်းရေးတည်ဆောက်မှုကော်မတီ (KNPBC) ဖွဲ့စည်းရာမှာ စစ်အာဏာရှင်ကို အပြင်းအထန်တော်လှန်နေတဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU )ပါဝင်တာ မရှိတာဟာ လက်ရှိ နိုင်ငံရေအခင်းအကျင်းကြောင့် ဖြစ်တယ်လို့ KNPBC ဒုဥက္ကဋ္ဌ (၂) ဗိုလ်မှူးချုပ် စောကျော်ညွန့်က ပြောပါတယ်။

မြ၀တီမြို့နယ် ရွှေကုက္ကိုကျေးရွာမှာ ဧပြီ ၈ ရက်က ကရင်ပြည်နယ်အတွင်း ဖက်ဒရယ်ဒီမိုကရေစီ လမ်းကြောင်းနဲ့ ထာဝရငြိမ်းချမ်းရေး ဖော်ဆောင်နိုင်ဖို့ ကရင်အမျိုးသားငြိမ်းချမ်းရေး တည်ဆောက်မှုကော်မတီ (KNPBC)ကို ဖွဲ့စည်းခဲ့ပါတယ်။

KNPBC ဖွဲ့စည်းရာမှာ KNU က အနားယူခဲ့တဲ့ ခေါင်းဆောင်ဟောင်းတွေ၊ DKBA၊ KNA၊ KNU/KNLA-PC ခေါင်းဆောင်တွေ၊ ဘာသာရေးခေါင်းဆောင်တွေ၊ နိုင်ငံရေးပါတီတွေ၊ ပါဝင်သင့် ပါဝင်ထိုက်သူ အဖွဲ့ဝင် ၇၇ ယောက်နဲ့ ဖွဲ့စည်းခဲ့ပါတယ်။

KNPBC ဒုဥက္ကဋ္ဌ-၂ ဗိုလ်မှူးချုပ် စောကျော်ညွန့်က ”ဒီကိစ္စကလည်း တော်တော်များများလည်း အာရုံစိုက်မှုရှိတယ်။ အကြောင်းအရာတွေကတော့ ကျနော် နားလည်ရသလောက် လက်ရှိ ဖြစ်ပေါ်နေတဲ့ နိုင်ငံရေအခင်းအကျင်းကြောင့် လောလောဆယ် ပါဝင်မှုမရှိဘူးလို့ ကျနော်အနေနဲ့ အဲဒီလိုမျိုးနားလည်တယ်” လို့ ပြောပါတယ်။

KNPBC ကော်မတီဖွဲ့စည်းရာမှာ အစည်းအဝေးကိုယ်တိုင် မတက်ရောက်နိုင်ခဲ့တဲ့ KNU/KLNA(PC) ပြောခွင့်ရ ဗိုလ်မှူးချုပ် စောကျော်ညွန့်ကို KNPBC ဒုဥက္ကဋ္ဌ ၂ တာဝန်ပေးအပ်ခဲ့ပါတယ်။

ဒါ့အပြင် KNPBC ကော်မတီအနေနဲ့ အကြမ်းမဖက်ဘဲ တရားမျှတတဲ့ နိုင်ငံရေးလုပ်ငန်းစဉ်က တဆင့် ထားဝရငြိမ်းချမ်းရေးကို တည်ဆောက်မယ်လို့ ဆိုပါတယ်။

ဒါကြောင့် ကရင်ပြည်နယ်အတွင်းက ဖြစ်ပေါ်နေတဲ့ တိုက်ပွဲတွေနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ နဲ့ပတ်သက်ပြီး ဆက်လက်လုပ်ဆောင်မဲ့ အလုပ်တွေအပေါ်မှာ အခြေခံကြည့်ပြီးမှ ပြောတာဆိုတာက ဒီထက်ပိုပြီး လက်တွေ့ကြမယ်လို့ ဗိုလ်မှူးချုပ် စောကျော်ညွန့် က ပြောပါတယ်။

လက်ရှိ ကရင်ပြည်နယ်အတွင်း နှစ်ပေါင်းများစွာဖြစ်ပေါ်နေတဲ့ စစ်ပွဲတွေနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တွေဟာ စစ်အာဏာရှင် အဆက်ဆက် ကြိုးစားခဲ့ပေမဲ့ အောင်မြင်မှု မရရှိခဲ့ပါဘူး။

KNPBC အစည်းအဝေးကို မေလလယ်လောက် ထပ်မံ ကျင်းပသွားမယ်လို့ သိရပြီး ဘယ်မှာ ကျင်းပမယ်ဆိုတာ နေရာအတိအကျ မသိရသေးပါတယ်။

ဧပြီ ၂၀ ရက်က နေပြည်တော် သမ္မတရုံးမှာပြုလုပ်တဲ့ အစည်းအဝေးမှာ စစ်အာဏာရှင်သမ္မတ မင်းအောင်လှိုင်က သူ့ရဲ့အစိုးရသစ် ရက်ပေါင်း ၁၀၀ ပြည့်မဲ့ ဇူလိုင်လ ၃၁ ရက်အတွင်း PDF တွေ အလင်းဝင်ကြဖို့နဲ့ NCA လက်မှတ်ထိုးထားတဲ့အဖွဲ့တွေကို ငြိမ်းချမ်းရေးဆွေးနွေးဖို့ ဖိတ်ခေါ် ခဲ့ပါတယ်။

ဒါပေမဲ့ လက်တွေ့မှာတော့ ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်မြေအပါအဝင် တနိုင်ငံလုံး အနှံ့ ဆက်လက်ဗုံးကြဲတိုက်ခိုက်နေပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013