DVB Logo
Home
မြန်မာသတင်း
ကမ္ဘာလှည့်ခရီးသွားယာဉ်တန်း တမူးမြို့ကို ရောက်ရှိ
DVB
·
April 15, 2018
ကမ္ဘာလှည့်ခရီးသွားယာဉ်တန်း တမူးမြို့ကို ရောက်ရှိ
1 / 5
Donate to DVB

ကမ္ဘာလှည့်ခရီးသည် ၄၀ ကျော်ပါဝင်တဲ့ ခရီးသွားယာဉ်တန်းတခု ဧပြီ ၁၄ ရက်နေ့က အိန္ဒိယနိုင်ငံမှတဆင့် တမူးမြို့ကို ဖြတ်သန်းရောက်ရှိလာပါတယ်။

အဲဒီအဖွဲ့က ခရီးသည်တွေဟာ ဆွစ်ဇာလန် နဲ့ ဂျာမဏီတို့ကဖြစ်ပြီး ယာဉ်တန်းမှာ ကား ၂၂ စီးပါဝင်ပါတယ်။

အဲဒီအဖွဲ့ဟာ နီပေါ၊ ဘူတန်နိုင်ငံနဲ့ အိန္ဒိယ သုံးနိုင်ငံတို့ကို ဖြတ်ကျော်ခဲ့ပြီး သင်္ကြန်အကျနေ့က အိန္ဒိယနယ်စပ် မိုးရေးမြို့မှတဆင့် မြန်မာနိုင်ငံကို ၀င်ရောက်ခဲ့တာပါ။

မြန်မာနိုင်ငံအတွင်းမှာတော့ တမူးကနေ ဂန်ဂေါ၊ မုံရွာ၊ နေပြည်တော်၊ မန္တ​လေး၊ ရန်ကုန် အထိ သွားရောက်မှာဖြစ်ပြီး ဘားအံ-မြ၀တီလမ်းကတဆင့် ထိုင်းနိုင်ငံဘက်ကို ၀င်ရောက်မှာဖြစ်ပါတယ်။

မြန်မာနိုင်ငံအတွင်းမှာ ၁၁ ရက်ကြာမှာဖြစ်ပြီး ရန်ကုန်နဲ့နေပြည်တော်မှာ ၂ ရက်ကြာမှာ ဖြစ်ပြီး ကျန်မြို့တွေမှာ ၁ ရက်သာ နေမယ်လို့ အဲဒီခရီးစဉ်ကို စီစဉ်ပေးတဲ့ TRAVENTURE ကုမ္ပဏီမှ တာဝန်ခံတဦးဖြစ်သူ ကိုစိုးမြင့်ဌေးက ပြောပါတယ်။

သတင်းဓာတ်ပုံ - ဂေါင်ဂေါင်

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013