မန်ချက်စတာယူနိုက်တက်အသင်းရဲ့ နည်းပြ မိုက်ကယ်ကာရစ်ဟာ ကာရင်တန် လေ့ကျင့်ရေးကွင်းကို ရောက်ရှိလာခဲ့ပြီး အသင်းရဲ့ အနာဂတ်နဲ့ပတ်သက်လို့ ဆုံးဖြတ်ချက်ချဖို့အတွက် အသင်းပိုင်ရှင် ဂလေဇာမိသားစုနဲ့ ဆာဂျင်ရက်ကလစ်ဖ်တို့ အရေးပေါ်ဆွေးနွေးပွဲ ကျင်းပခဲ့ပါတယ်။
အသင်းရဲ့ အမှုဆောင်ချုပ် အိုမာဘာရာဒါနဲ့ ဘောလုံးဒါရိုက်တာ ဂျေဆန်ဝီလ်ကောက်တို့လည်း လေ့ကျင့်ရေးကွင်းကို ရောက်ရှိလာခဲ့ပါတယ်။
ကစားသမားတွေနဲ့ နည်းပြကာရစ်တို့အတွက် အနားယူရမဲ့နေ့ ဖြစ်ပေမဲ့ ရှုံးပွဲဆက်နေပြီး ရလဒ်တွေ ဆိုးဝါးနေတဲ့ မန်ယူအသင်းရဲ့ လက်ရှိအခြေအနေအပေါ် အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်ဖို့ အတွက် တာဝန်ရှိသူတွေက အလုပ်ရှုပ်နေတာ ဖြစ်ပါတယ်။











