အမေရိကန်ပြည်ထောင်စုနဲ့ အိန္ဒိယတို့ဟာ မေ ၂၆ ရက်မှာ Quad အဖွဲ့ဝင် မိတ်ဖက်တွေအကြား ပိုကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးအပြီးမှာ အရေးကြီးတဲ့ သတ္တုတွေနဲ့ မြေရှားသတ္တု ထောက်ပံ့ရေး ကွင်းဆက်တွေမှာ ခိုင်ခိုင်မာမာ ပူးပေါင်းဆောင်ရွက်ဖို့ မူဘောင်တခုကို လက်မှတ်ရေးထိုးခဲ့ကြပါတယ်။
အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး ဆူဘရာမန်ယန် ဂျိုင်ရှန်ကာက သဘောတူညီချက်ဟာ သတ္တုတူးဖော်ခြင်း၊ ပြုပြင်ခြင်းနဲ့ ပြန်လည်အသုံးပြုခြင်းတို့မှာ ပိုနက်နက်ရှိုင်းရှိုင်း ပူးပေါင်းဆောင်ရွက်ပြီး ပိုခံနိုင်ရည်ရှိတဲ့၊ ကွဲပြားတဲ့ ထောက်ပံ့ရေးကွန်ရက်တွေ တည်ဆောက်ဖို့ ကူညီပေးမယ်လို့ ပြောခဲ့ပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီအိုက နှစ်နိုင်ငံစလုံးဟာ တခုတည်းသော ရင်းမြစ်ပေးသွင်းသူတွေအပေါ် မှီခိုမှုကို လျှော့ချခြင်းနဲ့ အဓိကပစ္စည်းတွေ ဝင်ရောက်ခွင့်ကို ကာကွယ်ခြင်း နယ်ပယ်တွေမှာ စိတ်ဝင်စားတယ်လို့ ပြောခဲ့ပါတယ်။
သြစတြေးလျနဲ့ ဂျပန် အပါအဝင် Quad အဖွဲ့ဝင် နိုင်ငံတွေအကြား အစည်းအဝေးနဲ့ ပူးတွဲ ကြေညာချက်တခု ထုတ်ပြန်အပြီးမှာ လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို ကျင်းပခဲ့တာပါ။
Quad အဖွဲ့ဟာ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးအပြီးမှာ အင်ဒို-ပစိဖိတ် စွမ်းအင်လုံခြုံရေးနဲ့ အရေးကြီးတဲ့ သတ္တုများဆိုင်ရာ မူဘောင်တခုအတွက် အစပျိုးမှုတခုကို စဖို့ သဘောတူခဲ့တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီအိုက အင်္ဂါနေ့မှာ ပြောပါတယ်။
Source: Reuters










