DVB Logo
Home
မြန်မာသတင်း
မုံရွာတွင် အသံဆူညံစွာမောင်းနှင်သည့် ဆိုင်ကယ်များကိုဖမ်းဆီး အိတ်ဇောများကိုဖျက်ဆီး
DVB
·
April 3, 2018
မုံရွာတွင် အသံဆူညံစွာမောင်းနှင်သည့် ဆိုင်ကယ်များကိုဖမ်းဆီး အိတ်ဇောများကိုဖျက်ဆီး
Donate to DVB

 

စစ်ကိုင်းတိုင်း မုံရွာမြို့ပေါ်မှာ အသံဆူညံစွာမောင်းနှင်လို့ ဖမ်းဆီးအရေးယူထားတဲ့ ဆိုင်ကယ်တွေရဲ့ အိတ်ဇောတွေ ဖျက်ဆီးပွဲကို ဒီကနေ့ မုံရွာမြို့မ ရဲစခန်းဝင်းအတွင်း ပြုလုပ်ပါတယ်။

ဒီအခမ်းအနားမှာ ဖမ်းဆီးရမိထားတဲ့ အသံဆူညံစေတဲ့ အိတ်ဇော ၂၂၅ ခုကို လမ်းကြိတ်စက်နဲ့ ဖျက်ဆီးခဲ့တာပါ။

၂၀၁၈ ခုနှစ်အတွင်း စစ်ကိုင်းတိုင်းမှာ ယာဉ်တိုက်မှုအနေနဲ့ မတ်လအထိ မော်တော်ယာဉ် ၉၃ မှု၊ ဆိုင်ကယ် ၁၈၆ မှု၊ ကားနဲ့ ဆိုင်ကယ် ၉၅မှုနဲ့ အခြား ၇ မှုရှိခဲ့ပြီး စုစုပေါင်း ၃၈၁ မှုရှိကာ အဲဒီထဲက လူ ၁၁၅ ဦးသေဆုံး ၆၄၂ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

မုံရွာမြို့နယ်ထဲမှာတော့ အခုနှစ်အတွင်းယာဉ်တိုက်မှု စုစုပေါင်း ၃၉မှုရှိခဲ့ပြီး ၁၄ ဦးသေဆုံးကာ ၅၆ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ စည်းကမ်းပျက်ယာဉ်တွေနဲ့ပတ်သက်ပြီး အရေးယူမှု အနေနဲ့ အခုနှစ်အတွင်းမှာ ယာဉ်စီးရေ ၂၉၁ စီး၊ အမှုပေါင်း ၃၁၃ မှုရှိကာ ဒဏ်ငွေ ၃၆သိန်းကျော် ရှိပြီလို့ ယာဉ်ထိန်းရဲတပ်ဖွဲ့ ဒုရဲမှူး ဇော်ဝင်းနိုင်က ပြောပါတယ်။

သင်္ကြန်တွင်းမှာလည်း ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနဲ့ပတ်သက်တဲ့ အသိပေး ကြေညာချက်တွေကို ထုတ်ပြန်ထားပြီး သင်္ကြန်ကာလအတွင်း ယာဉ်ထိန်းတပ်ဖွဲ့ဝင် ၂၇ ဦးနဲ့ မုံရွာမြို့မှာ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ထိန်းသိမ်းဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

သင်္ကြန်ကာလအတွင်း ယာဉ်၊ လမ်းအန္တရာယ်ကင်းရှင်းစေရေးအတွက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ထိန်းသိမ်းရေး ကြီးကြပ်မှုကော်မတီက အချက် ၆ ချက်ပါ ကြေညာချက်ကိုလည်း သတိပေးထုတ်ပြန်ထားပြီး ဖောက်ဖျက်သူကို တည်ဆဲဥပဒေနဲ့အညီ အရေးယူသွားမယ်လို့ ဆိုပါတယ်။

ဒီနေ့ပြုလုပ်တဲ့ ဆူညံဆိုင်ကယ်အိတ်ဇောဖျက်ဆီးပွဲကို မုံရွာမြို့ ဌာနဆိုင်ရာ တာဝန်ရှိသူတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေ၊ ပြည်သူတွေ တက်ရောက်ခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013