DVB Logo
Home
မြန်မာသတင်း
ပဲခူးတွင် စက်မှုဇုန်လုပ်ငန်း ရင်းနှီးမြှုပ်နှံရန် ဟောင်ကောင်ကုမ္ပဏီနှင့် ဝန်ကြီးချုပ် တွေ့ဆုံ
DVB
·
March 29, 2018
ပဲခူးတွင် စက်မှုဇုန်လုပ်ငန်း ရင်းနှီးမြှုပ်နှံရန် ဟောင်ကောင်ကုမ္ပဏီနှင့် ဝန်ကြီးချုပ် တွေ့ဆုံ
Donate to DVB

ပဲခူးစက်မှုဇုန်မှာ ရင်းနှီးမြှုပ်နှံဖို့ ဟောင်ကောင် အခြေစိုက် City Credit Capital Holdings ကုမ္ပဏီက အထွေထွေမန်နေဂျာ မစ္စတာချိုးချီအွန် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ဒီနေ့ မနက်က တိုင်းအစိုးရအဖွဲ့ရုံးမှာ ပဲခူးတိုင်းဝန်ကြီးချုပ် ဦးဝင်းသိန်းနဲ့ လာရောက် တွေ့ဆုံပါတယ်။

ရန်ကုန်မှာ မြေနေရာ ရှားပါးလာပြီး ကုန်ပစ္စည်းသယ်ယူရာမှာ ယာဉ်ကြောကြပ်တဲ့အတွက် ရေရှည်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေ ဆောင်ရွက်ဖို့ အဆင်မပြေနိုင်ပါကြောင်း၊ ပဲခူးဒေသဟာ သီလဝါဆိပ်ကမ်းနဲ့ နီးကပ်ပြီး လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်တာနဲ့ အနာဂတ်မှာ စီးပွားရေးအရ အရေးပါလာမယ့် ဒေသတခုဖြစ်တဲ့အတွက် ပဲခူးမြို့နယ်အတွင်း စက်မှုဇုန်တခု ဖော်ထုတ်ပြီး စက်ရုံအမျိုးအစား ၅၀ လောက်ကို အကောင်အထည်ဖော်ဖို့ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

ပဲခူး-ခရမ်း-ရန်ကုန်-သီလဝါ အဆင့်မြင့်ကားလမ်းမကြီးတွေ အဆင့်မြှင့်တင် ဆောင်ရွက်ဖို့ နိုင်ငံတော်က စီစဉ်နေကြောင်း၊ ပဲခူးမြစ်အား ပြန်လည်အဆင့်မြှင့်တင်ပြီး သီလဝါဆိပ်ကမ်းသို့ ကုန်တင်သင်္ဘောငယ်တွေ သွားလာနိုင်ဖို့ အနာဂတ်စီမံကိန်း လျာထားကြောင်း၊ ပဲခူးဒေသဟာ စီးပွားရေးအရ မဟာဗျူဟာကျပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၅ သန်းအထိ တိုင်းအစိုးရက  တိုက်ရိုက်ခွင့်ပြုပေးနိုင်ကြောင်း ပဲခူးတိုင်း ဝန်ကြီးချုပ်က ပြောပါတယ်။

ဒါ့အပြင် မကြာမီ တနင်္သာရီတိုင်းမှ ပို့လွှတ်မယ့် (၅၀၀)KVA မဟာဓာတ်အားလိုင်းဟာ ပဲခူးကို ရောက်လာမှာဖြစ်လို့ ပြည့်ဝတည်ငြိမ်တဲ့ လျှပ်စစ်ဓာတ်အားရနိုင်မယ်။ အခုလို ပဲခူးဒေသခံ ပြည်သူတွေ အလုပ်အကိုင် အခွင့်အလမ်းတွေ ဖန်တီးပေးနိုင်မယ့် စက်မှုလုပ်ငန်းတွေ ဆောင်ရွက်နိုင်ရေး လာရောက်ကမ်းလှမ်းမှုကို ကြိုဆိုပါကြောင်းလည်း ပြောပါတယ်။

ဟောင်ကောင်ကုမ္ပဏီဟာ ဧရာဝတီတိုင်းဒေသကြီး၊ သာပေါင်းမြို့နယ်မှာလည်း အထည်ချုပ်လုပ်ငန်း လုပ်ကိုင်ဆောင်ရွက်နေပြီး ဒေသခံပြည်သူ ၁၀၀၀ ယောက်ကို အလုပ်အကိုင် အခွင့်အလမ်းတွေ ဖန်တီးပေးထားနိုင်ခဲ့ပါတယ်။

သတင်း - အောင်စိုးမိုး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013