
ကနေဒါနိုင်ငံ အွန်တေရီယိုပြည်နယ်၊ နိုင်အာဂရာ ရေတံခွန်နား အဏ္ဏဝါမြေဥယျာဉ်က ဘီလူဂါ ဝေလငါး ၄ ကောင်ဟာ ဇူလိုင် ၂၁ ရက်မှာ အမေရိကန်နိုင်ငံ ချီကာဂိုပြည်နယ် ရှက်ဒ် ရေကန်ဆီ ဘေးကင်းကင်း ရောက်လာခဲ့ပါတယ်။
ကျန်တဲ့ ဝေလငါး ၂ ကောင်ကိုတော့ အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ်၊ ပင်လယ်ကမ္ဘာ ဆန်အန်တိုနီယိုဆီ ရွှေ့ပြောင်းခဲ့ပါတယ်။
ဝေလငါးတွေကို နေရာရွှေ့ပြောင်းတာဟာ ပထမဆုံး ရွှေ့ပြောင်းမှုပါ။ အရင်က အဏ္ဏဝါဥယျာဉ်ကနေ ဘီလူဂါဝေလငါး အကောင် ၃၀ ဟာ ပိုကျယ်ပြန့်တဲ့ နိုင်ငံတကာ ကယ်ဆယ်ရေး လုပ်ငန်းထဲမှာ ပါနေပါတယ်။
ဝေလငါးတွေကိုထားတဲ့ ကနေဒါနိုင်ငံ၊ အဏ္ဏဝါမြေဥယျာဉ်ကို ပိတ်သိမ်းလိုက်ပြီဖြစ်ပြီး ရေရှည်စောင့်ရှောက် ထောက်ပံ့နိုင်တော့မှာ မဟုတ်ပါဘူး။
တိရစ္ဆာန်တွေအတွက် ကယ်ဆယ်ရေးအစီအစဉ်တခု ရေးဆွဲဖို့ အခုနှစ်အစောပိုင်းမှာ တိရစ္ဆာန်ရုံတွေနဲ့ ရေနေသတ္တဝါများအသင်း (AZA) ကနေ အသိအမှတ်ပြုထားတဲ့ ရေနေသတ္တဝါ ပြတိုက်တွေ အတော်များများကို အကူအညီ တောင်းခံခဲ့ပါတယ်။
ဘီလူဂါ ဝေလငါး ၆ ကောင်ကို အထူးပြုလုပ်ထားပြီး အပူချိန်ထိန်းချုပ်ထားတဲ့ ကုန်သေတ္တာတွေထဲ ထည့်ပြီး ကုန်ကားတွေ၊ လေယာဉ်တွေနဲ့ သယ်လာခဲ့တာလို့ သတင်းထုတ်ပြန်ထားပါတယ်။
ခရီးစဉ်တလျှောက်လုံးမှာ တိရစ္ဆာန်ဆရာဝန်တွေနဲ့ တိရစ္ဆာန်စောင့်ရှောက်မှုဆိုင်ရာ ကျွမ်းကျင်သူတွေက ဝေလငါးတွေကို လိုက်ပါ ပို့ဆောင်ပေးခဲ့ကြပါတယ်။
ရှဒ် ရေနေသတ္တဝါပြတိုက်နဲ့ ပင်လယ်ကမ္ဘာ ဆန်အန်တိုနီယို တို့ အဖွဲ့တွေက အခု ဘီလူဂါ ဝေလငါးတွေကို ရာသီဥတုနဲ့ လိုက်လျောညီထွေဖြစ်အောင် အနီးကပ်စောင့်ကြည့်နေပြီး ၂၄ နာရီပတ်လုံး စောင့်ရှောက်ရင်း သူတို့ရဲ့ ကျန်းမာရေးကို အကဲဖြတ်နေတယ်လို့ ပြောပါတယ်။
လက်ကျန် ဝေလငါးတွေကို စပိန်နိုင်ငံက ဂျော်ဂျီယာ ရေနေသတ္တဝါပြတိုက်၊ ပင်လယ်ကမ္ဘာ ဆန်ဒီယေဂိုနဲ့ Oceanografic ဗလန်စီယာတို့ဆီ နောက်ထပ်ပြောင်းရွှေ့ဖို့ကိုလည်း စီစဉ်နေပါတယ်။
Source: Reuters











