DVB Logo
Home
မြန်မာသတင်း
သမီးရည်းစား ချိန်းတွေ့စဉ် လုယက် ဓားထိုးခံရ၊ ၁ ဦး သေဆုံး
DVB
·
March 26, 2018
သမီးရည်းစား ချိန်းတွေ့စဉ် လုယက် ဓားထိုးခံရ၊ ၁ ဦး သေဆုံး
Donate to DVB

 

ပဲခူးမြို့၊ ဘိုကုန်းရပ်ကွက်မှာ မတ်လ ၂၅ ရက်နေ့ ညက သမီးရည်းစား ၂ ဦးကို အမည်မသိ လူ ၂ ဦးက ဓားနဲ့ ထိုးခဲ့တာကြောင့် ၁ ဦးသေဆုံးသွားတယ်လို့ ပဲခူးမြို့မ ရဲစခန်းမှူး ဒုရဲမှူး နိုင်စိုးက ပြောပါတယ်။

“အဲဒီညက ဘုရားကြီးမြို့နေသူ ဇော်----နဲ့ မ----တို့ဟာ ပဲခူးမြို့ ဘိုကုန်းရပ်ကွက်က အသောက ဘုန်းကြီးကျောင်းနဲ့ မဟာစီဘုန်းကြီးကျောင်းတို့အကြား သမီးရည်းစား သဘာဝ ချိန်းတွေ့နေကြပါတယ်။ အဲဒီလို ချိန်းတွေ့နေချိန်မှာ အမည်မသိ အမျိုးသား ၂ ဦးက ဆိုင်ကယ်တစီးနဲ့ရောက်လာပြီး ဆိုင်ကယ်နောက်မှာထိုင်လာသူက မင်းတို့မှာ ဘာပါလဲလို့ မေးပါတယ်။ ဇော်----က ဘာမှ မပါပါဘူးလို့ ပြန်ဖြေလိုက်တာကို အဲဒီ ဆိုင်ကယ်နောက်မှာ ထိုင်နေသူက ဇော်----ရဲ့ မျက်နာကို တချက်ထိုးပါတယ်။ ပြီးတော့ အသင့်ပါလာတဲ့ ဓားနဲ့ ယာဘက်ရင်အုံကို ထိုးလိုက်ရာ ဇော်-----မှာ ဓားဒဏ်ရာကြောင့် ပဲခူးဆေးရုံမှာ ည ၁၀ နာရီခွဲလောက်က ဆုံးသွားတယ်”လို့ ပြောရပါတယ်။

အခုလို ဖြစ်စဉ်နဲ့ ပတ်သက်ပြီး မ---က တရားလိုပြုလုပ်တိုင်တန်းတဲ့အတွက် ပဲခူးမြို့မ ရဲစခန်းက (ပ)၂၈၂ /၂၀၁၈ ရာဇသက်ကြီး ဥပဒေပုဒ်မ ၃၀၂ /၁၁၄ တို့နဲ့ အမှုဖွင့်ခဲ့ပြီး မြို့မစခန်းမှူး ဦးဆောင်မှုနဲ့ တရားခံတွေကို စုံစမ်းဖမ်းဆီးခဲ့ပါတယ်။

ဓားနဲ့ထိုးပြီး လုယက်ခဲ့သူတွေလို့ သံသယရှိတွေဟာ ကမာနက်ကျေးရွာတောင်ပိုင်းနေ စည်သူလွင် (ခ) အလက်ကောင် နဲ့ ကမာနက် ဆိတ်သက်ရုံက အောင်ဆန်း (ခ) ဒန်နူး တို့ဖြစ်ကြောင်း စုံစမ်းသိရှိရတယ်။ အဲဒီည ၁၂ နာရီလောက်က စည်သူလွင်ကို ကမာနက် လျှက်စစ်ဝင်းရှေ့မှာ သက်သေခံ အရိုးအသွား ၉ လက်မလောက်ရှိတဲ့ ၂ ဖက်သွား ဓားဦးချွန်နဲ့အတူ ဖမ်းဆီးရမိထားပြီး ဒန်နူးကတော့ ထွက်ပြေးလွတ်မြောက်နေတယ်လို့ သိရပါတယ်။

အောင်စိုးမိုး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013