DVB Logo
Home
မြန်မာသတင်း
နုတ်ထွက်စာ တင်တာမှန်တယ်၊ ဒေါ်စုက လက်မခံလို့ ပြန်လာရတာ - ဦးဝင်းထိန်
DVB
·
March 24, 2018
နုတ်ထွက်စာ တင်တာမှန်တယ်၊ ဒေါ်စုက လက်မခံလို့ ပြန်လာရတာ - ဦးဝင်းထိန်
Donate to DVB

 

ဒီနေ့ နေ့လယ်ပိုင်းက နေပြည်တော်၊ စည်ပင်ဧည့်ရိပ်သာမှာ ပြုလုပ်နေတဲ့ အန်အယ်လ်ဒီ ဗဟိုအလုပ်မှုဆောင် အစည်းအဝေးကို ပါတီအတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန် တက်ရောက်လာပါတယ်။

ဦးဝင်းထိန်ဟာ ဒီနေ့ မနက်ပိုင်းက သြစတြေးလျနိုင်ငံကနေ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ရောက်ရှိလာခဲ့ပြီး နေပြည်တော်ကို ဆက်လက် သွားရောက်ခဲ့တာပါ။ ဒါကြောင့် အစည်းအဝေးကို နောက်ကျပြီးမှ ရောက်လာခဲ့ပါတယ်။

ပါတီက နုတ်ထွက်ဖို့ တင်ပြခဲ့ပေမယ့် နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်က လက်မခံလို့ ပြန်လာရတာလို့ ဦးဝင်းထိန်က ပြောပါတယ်။

ဒါ့အပြင် ဦးတီခွန်မြတ်ကို လွှတ်တော်ဥက္ကဋ္ဌအဖြစ် တင်မြှောက်မယ်ဆိုတာ အရင်ကတည်းက ဆွေးနွေးခဲ့တာလို့လည်း ပြောပါတယ်။

“သြစတြေးလျ မသွားခင်ကတည်းက ဆွေးနွေးထားပြီးသား။ ဦးတီခွန်မြတ်ဖြစ်မယ်ဆိုတာလည်း သိပြီးသား။ ဦးတီခွန်မြတ်နဲ့ ပတ်သက်ပြီး စွပ်စွဲတာတွေက သူ အရင် ကြံ့ခိုင်ရေးတုန်းက ဘာလို့ မစွပ်စွဲသလဲ။ အခုမှ စွပ်စွဲတာ အဓိပ္ပာယ်မရှိဘူး။ လွှတ်တော်ထဲမှာ ဦးဝင်းမြင့် မရှိတော့ရင်တော့ အားနည်းသွားမှာပေါ့။ သူက ဥပဒေနားလည်တာကိုး” လို့ ပြောပါတယ်။

ဒီနေ့ အစည်းအဝေးကို ဒုတိယ သမ္မတအဖြစ် လွှတ်တော်က ရွေးချယ်ထားတဲ့ ဦးဝင်းမြင့်က လွဲလို့ ကျန်တဲ့ အမှုဆောင်တွေ အားလုံး တက်ရောက်ခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013