DVB Logo
Home
မြန်မာသတင်း
“စွပ်စွဲတာမပါဘဲနဲ့ မခံနိုင်ဘူးဆိုတော့လည်းဘယ်တတ်နိုင်မတုန်း၊ ပန်းနဲ့ပေါက်သလိုပေါ့” ဦးဝင်းထိန် (ရုပ်သံ)
DVB
·
May 7, 2017
“စွပ်စွဲတာမပါဘဲနဲ့ မခံနိုင်ဘူးဆိုတော့လည်းဘယ်တတ်နိုင်မတုန်း၊ ပန်းနဲ့ပေါက်သလိုပေါ့” ဦးဝင်းထိန် (ရုပ်သံ)
Donate to DVB

တပ်မတော်ရဲ့ အပြင်းအထန်ကန့်ကွက်ချက်နဲ့ ပတ်သက်ပြီး “ပန်းနဲ့ ပေါက်သလိုပေါ့”လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဗဟို အလုပ်အမှုဆောင် အတွင်းရေးမှူး အဖွဲ့ဝင် ဦးဝင်းထိန်က ပြောကြားလိုက်ပါတယ်။

မေလ ၆ ရက်နေ့ကနေပြည်တော်မှာ ပြုလုပ်တဲ့ အန်အယ်လ်ဒီ ဗဟိုကော်မတီ အစည်းအဝေးအပြီးမှာ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး မီဒီယာတွေရဲ့ မေးမြန်းချက်ကို ဦးဝင်းထိန်က ခုလိုပြန်လည်ဖြေဆိုခဲ့တာပါ။

"သူတို့ဟာ သူတို့ ပြောတာလေ။ ခင်ဗျားတို့တင်ထားတဲ့အထဲမှာ အဲကိစ္စပါတောင်မပါဘူး။ ဘယ်သူ ထင်လည်းဆို ဟိုကောင်တွေထင်တယ်၊ ဒီကောင်တွေထင်တယ်။ ဦးနှောက်က စဉ်းစားတာ ပါးစပ်က ထွက်တာ။ စွပ်စွဲတာ မပါဘူး။ ဘယ်သူတွေ လုပ်တယ်ဆိုတာ စွပ်စွဲတာ မပါဘူး။ စွပ်စွဲတာပါရင်တော့ ဒါ ကျွန်တော်အလွန်။ စွပ်စွဲတာမပါဘဲနဲ့ မခံနိုင်ဘူးဆိုတော့လည်း ဘယ်တတ်နိုင်မတုန်း။ ဒါကတော့ ပန်းနဲ့ ပေါက်သလိုပေါ့ " လို့ ဦးဝင်းထိန်ကပြောပါတယ်။
ဦးဝင်းထိန်အနေနဲ့ မေလ ၄ ရက်နေ့က သတင်းမီဒီယာတွေနဲ့တွေ့ဆုံပြီး ပါတီနဲ့ပတ်သက်တဲ့ အွန်လိုင်း ပေါ်မှာပြန့်နေတဲ့ သတင်းတွေဟာ မဟုတ်မမှန်ကြောင်း ရှင်းလင်းပြောဆိုခဲ့ပါတယ်။

ဒီလိုရှင်းလင်း ပြောဆိုရာမှာဦးဝင်းထိန်က “ဘယ်သူတွေကို သံသယရှိလဲဆိုတာ ပြောရခက်တယ်။ ဘာကြောင့်လဲဆိုတော့ ကြားနေရတာတွေက အများကြီး။ ကြံ့ခိုင်ရေးကပဲ လုပ်သလား။ အချို့တပ်မတော်အဖွဲ့အစည်းတွေကပဲ လုပ်သလား။ ကျွန်တော်တို့ကို မလို လားတဲ့ အိုင်တီမှာကျွမ်းကျင်တဲ့သူတွေကပဲ လုပ်သလားမှန်းဆရခက်တယ်” လို့ ဖြေကြားခဲ့တာနဲ့ပတ် သက်ပြီး တပ်မတော်က ပြင်းထန်စွာကန့်ကွက်ကြောင်းနဲ့ လိုအပ်တဲ့တုံ့ပြန်မှုတွေ ဆောင်ရွက်မယ်လို့ တပ်မတော်က သတင်းထုတ်ပြန်ထားတာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013