DVB Logo
Home
မြန်မာသတင်း
ဦးဝင်းထိန်ကို ကြံ့ခိုင်ရေးပါတီ ကန့်ကွက်ရှုတ်ချ၊ အန်အလ်ဒီအစိုးရ တာဝန်ခံမှုမရှိဟု ဝေဖန်
DVB
·
May 7, 2017
ဦးဝင်းထိန်ကို ကြံ့ခိုင်ရေးပါတီ ကန့်ကွက်ရှုတ်ချ၊ အန်အလ်ဒီအစိုးရ တာဝန်ခံမှုမရှိဟု ဝေဖန်
Donate to DVB

 

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုကော်မတီဝင် အတွင်ရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန်ရဲ့ စွပ်စွဲပြောဆိုချက်တွေကို ကန့်ကွက်ပြစ်တင်ရှုတ်ချတယ်လို့ ပြည်ထောင်စု  ကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေး ပါတီက သဘောထားထုတ်ပြန်လိုက်ပါတယ်။

ပါတီတာဝန်ရှိသူ ဦးဝင်းထိန်ရဲ့ မဆင်မခြင်ပြောဆိုမှုကြောင့် ဖြစ်ပေါ်လာမယ့် နောက်ဆက်တွဲ ပြသနာတွေကို ပြောဆိုတဲ့ အဖွဲ့အစည်းနဲ့ လူပုဂ္ဂိုလ်တွေက တာဝန်ယူရမယ်လို့ လည်း မေလ ၆ ရက်ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဦးဝင်းထိန်ရဲ့ ပြောဆိုချက်ကြောင့် ကြံ့ခိုင်ရေးပါတီရဲ့ ဂုဏ်သိက္ခာကို ထိခိုက်နစ်နာစေတဲ့ အပြင် အစိုးရက ဆောင်ရွက်နေတဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ရင်ကြားစေ့ရေးကိုလည်း ထိခိုက်ပျက်ပြားစေနိုင်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အန်အယ်လ်ဒီပါတီအနေနဲ့ အစိုးရတာဝန်ယူခဲ့တဲ့ တစ်နှစ်ကျော်ကာလမှာ နိုင်ငံတော် လုံခြုံရေး၊ စီးပွားရေး၊ လူမှုရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး အစရှိတဲ့ လုပ်ငန်း နယ်ပယ် အသီးသီးမှာ အောင်မြင်အောင် ဆောင်ရွက်နိုင်မှုမရှိတဲ့အပေါ် တာဝန်ယူ တာဝန်ခံမှု မရှိဘဲ တခြားပါတီအဖွဲ့အစည်းတွေကို အပြစ်ဖို့ စွပ်စွဲပြောဆိုနေတယ်လို့လည်း ကြံ့ခိုင်ရေး ပါတီက ဝေဖန်လိုက်ပါတယ်။

အန်အယ်လ်ဒီပါတီနဲ့ပတ်သက်တဲ့ အွန်လိုင်းပေါ်မှာပြန့်နေတဲ့ သတင်းတွေဟာ မဟုတ်မမှန်ကြောင်း ဦးဝင်းထိန်က   မေ ၄ ရက်နေ့မှာ သတင်းထောက်တွေနဲ့တွေ့ဆုံပြီး ရှင်းလင်းပြောဆိုခဲ့ပါတယ်။

ဒီလိုရှင်းလင်း ပြောဆိုရာမှာဦးဝင်းထိန်က “ဘယ်သူတွေကို သံသယရှိလဲဆိုတာ ပြောရခက်တယ်။ ဘာကြောင့်လဲဆိုတော့ ကြားနေရတာတွေက အများကြီး။ ကြံ့ခိုင်ရေးကပဲ လုပ်သလား။ အချို့တပ်မတော်အဖွဲ့အစည်းတွေကပဲ လုပ်သလား။ ကျွန်တော်တို့ကို မလို လားတဲ့ အိုင်တီမှာကျွမ်းကျင်တဲ့သူတွေကပဲ လုပ်သလားမှန်းဆရခက်တယ်” လို့ ဖြေကြားခဲ့တာနဲ့ပတ်သက်ပြီး ကြံ့ခိုင်ရေးပါတီက ခုလိုကြေညာချက်ထုတ်ပြန်လိုက်တာပါ။

ဦးဝင်းထိန်ကတော့ ဘယ်သူတွေလုပ်တယ်ဆိုတာ စွပ်စွဲပြောဆိုခဲ့တာမရှိဘူးလို့ မနေ့က နေပြည်တော်မှာ သတင်းထောက်တွေကိုပြောပါတယ်။

"သူတို့ဟာ သူတို့ ပြောတာလေ။ ခင်ဗျားတို့တင်ထားတဲ့အထဲမှာ အဲကိစ္စပါတောင်မပါဘူး။ ဘယ်သူ ထင်လည်းဆို ဟိုကောင်တွေထင်တယ်၊ ဒီကောင်တွေထင်တယ်။ ဦးနှောက်က စဉ်းစားတာ ပါးစပ်က ထွက်တာ။ စွပ်စွဲတာ မပါဘူး။ ဘယ်သူတွေ လုပ်တယ်ဆိုတာ စွပ်စွဲတာ မပါဘူး။ စွပ်စွဲတာပါရင်တော့ ဒါ ကျွန်တော်အလွန်။ စွပ်စွဲတာမပါဘဲနဲ့ မခံနိုင်ဘူးဆိုတော့လည်း ဘယ်တတ်နိုင်မတုန်း။ ဒါကတော့ ပန်းနဲ့ ပေါက်သလိုပေါ့ " လို့ ဦးဝင်းထိန်ကပြောပါတယ်။

အလားတူ ဒီပြောဆိုချက်တွေနဲ့ပတ်သက်ပြီး တပ်မတော်ကလည်း ဦးဝင်းထိန်ကို  ပြင်းထန်စွာကန့်ကွက်ကြောင်းနဲ့ လိုအပ်တဲ့တုံ့ပြန်မှုတွေ ဆောင်ရွက်မယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013