DVB Logo
Home
မြန်မာသတင်း
တမူးမြို့နယ်တွင် တရားမဝင် ကျွန်းသစ်များ ပိုင်ရှင်မဲ့ ဖမ်းမိ
DVB
·
March 23, 2018
တမူးမြို့နယ်တွင် တရားမဝင် ကျွန်းသစ်များ ပိုင်ရှင်မဲ့ ဖမ်းမိ
Donate to DVB

တမူးမြို့နယ်အတွင်းရှိ မြို့သစ်တိုက်နယ်အတွင်းမှာ တရားမဝင် ကျွန်းသစ်လုံးတွေနဲ့ ကျွန်းခွဲသားတွေ ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပါတယ်။

မတ် ၂၁ ရက် ညနေ ၃ နာရီက သစ်တောဦးစီးဌာနက တောအုပ်ကြီး ဦးအောင်ခိုင်နဲ့ တောခေါင်း ဦးမြင့်စိုးတို့ဟာ မြို့သစ် ထွေအုပ်တာဝန်ရှိသူတွေ၊ ရဲတပ်ဖွဲ့ဝင်တွေနဲ့အတူ မြို့သစ်မြို့နဲ့ ၄ မိုင်အကွာရှိ ထီလမ်းဖချောင်းနားမှာ လှည့်လည်စစ်ဆေးရင်း အခုလို ဖမ်းဆီးမိခဲ့တာပါ။

သစ်တွေကို ပိုင်ရှင်မဲ့ စွန့်ပစ်ထားခဲ့တာ တွေ့ရှိရပြီး ကျွန်းသစ်လုံး ၂၉ လုံး (၆ ဒသမ ၈ တန်) နဲ့ ကျွန်းခွဲသား ၅၃ ချောင်း (၈ တန်ခွဲခန့်) ဖမ်းမိခဲ့တာပါ။

ဒီအမှုကို မြို့သစ်ရဲစခန်းမှာ အမှုဖွင့်ထားပြီး သစ်တွေကို ခုတ်ယူတဲ့ တရားခံ ဖမ်းဆီးရမိရေးအတွက် စုံစမ်းစစ်ဆေးနေတယ်လို့ သိရပါတယ်။

တမူးခရိုင်ထဲမှာ တရားမဝင်သစ်တွေ မကြာခဏ ဖမ်းဆီးရမိပြီး သစ်မှောင်ခိုလုပ်ငန်းတွေ ပပျောက်ဖို့အတွက် စီမံချက်ချပြီး ဆောင်ရွက်နေတယ်လို့ သစ်တောဦးစီးဌာနက ပြောပါတယ်။

သတင်း - ဂေါင်ဂေါင်(တမူး)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013