DVB Logo
Home
မြန်မာသတင်း
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့် ရာထူးတာဝန်မှအနားယူ
DVB
·
March 21, 2018
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့် ရာထူးတာဝန်မှအနားယူ
Donate to DVB

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့် ရာထူးတာဝန်က အနားယူသွားတယ်လို့ ဒီနေ့ကျင်းပတဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ ဒု-ဥက္ကဋ္ဌ ဦးတီခွန်မြတ်က ကြေညာပါတယ်။

“ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်၊ တာမွေမဲဆန္ဒနယ်က လွှတ်တော်ဥက္ကဋ္ဌတာဝန်က နုတ်ထွက်ကြောင်း ၂၀၁၈ ခုနှစ်၊ မတ်လ ၂၁ ရက်၊ ရက်စွဲနဲ့  လက်မှတ်ရေးထိုး တင်ပြလာပါတယ်။ ဒါကြောင့် ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများနဲ့အညီ လစ်လပ်သွားတဲ့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနေရာ အစားထိုး ရွေးချယ်တင်မြှောက်ခြင်းကို လုပ်ထုံး လုပ်နည်းများနဲ့အညီ ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ကြောင်း အသိပေးကြေညာပါတယ်” လို့ ဆိုပါတယ်။

ဒီနေ့မနက်မှာပဲ နိုင်ငံတော်သမ္မတ ဦးထင်ကျော် ရာထူးက နုတ်ထွက်သွားပြီးနောက် သမ္မတသစ်တဦးကို အစားထိုး ရွေးချယ်ဖို့ရှိနေချိန်မှာ ခုလို ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့် တာဝန်က အနားယူသွားတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013