DVB Logo
Home
မြန်မာသတင်း
အဂတိလိုက်စားမှု တိုက်ဖျက်ရေး နိုင်ငံရေးဆန္ဒ ပြင်းပြစွာဖြင့် လုပ်မည်ဟု သမ္မတ ကတိပေး
DVB
·
December 7, 2018
အဂတိလိုက်စားမှု တိုက်ဖျက်ရေး နိုင်ငံရေးဆန္ဒ ပြင်းပြစွာဖြင့် လုပ်မည်ဟု သမ္မတ ကတိပေး
Donate to DVB

အဂတိလိုက်စားမှု တိုက်ဖျက်ရေးအတွက် နိုင်ငံရေးဆန္ဒ (Political Will) ပြင်းပြစွာရှိပြီး ဇွဲလုံ့လ ဝီရိယနဲ့ လုပ်ဆောင်ဖို့ သန္နိဋ္ဌာန်ချထားပြီးဖြစ်တယ်လို့ သမ္မတ ဦးဝင်းမြင့်က ပြောပါတယ်။

ဒီကနေ့ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ပေးပို့တဲ့ သဝဏ်လွှာမှာ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

နိုင်ငံတော်အစိုးရအနေနဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကို အမျိုးသားရေးတာဝန်တရပ်အဖြစ် ဆောင်ရွက်ဖို့၊ သန့်ရှင်းတဲ့အစိုးရ ကောင်းမွန်တဲ့အုပ်ချုပ်ရေး ဖြစ်ထွန်းပေါ်ပေါက်စေဖို့၊ တာဝန်ယူမှု တာဝန်ခံမှုနဲ့ ပွင့်လင်းမြင်သာမှု ပိုမိုရှိစေဖို့ ကြိုးပမ်း အကောင်အထည် ဖော်နေတယ်လို့လည်း သမ္မတရဲ့ သဝဏ်လွှာမှာ ဖော်ပြပါရှိပါတယ်။

ဒါ့အပြင် နိုင်ငံတော်ဘဏ္ဍာငွေ လေလွင့်ဆုံးရှုံးမှု မရှိစေဖို့၊ ပြည်သူလူထုရဲ့ အကျိုးစီးပွား ဆုံးရှုံးနစ်နာမှု မရှိစေဖို့၊ အသိပညာနဲ့ ကိုယ်ကျင့်သိက္ခာ မြှင့်တင်စေဖို့၊ အဂတိလိုက်စားမှုကို ထိရောက်စွာ အရေးယူဖို့၊ အဂတိကင်းစင်တဲ့ လူ့အဖွဲ့အစည်း ဖြစ်စေဖို့လည်း ကြိုးပမ်း အကောင်အထည် ဖော်နေတယ်လို့ သမ္မတ သဝဏ်လွှာက ဆိုပါတယ်။

အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးနဲ့ တိုက်ဖျက်ရေးလုပ်ငန်းတွေကို မြှင့်တင်ကြိုးပမ်း ဆောင်ရွက်ရာမှာ အစိုးရဝန်ကြီးဌာန အဖွဲ့အစည်းတွေ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းတွေ၊ အရပ်ဘက် လူ့အဖွဲ့အစည်းတွေ၊ သတင်းမီဒီယာတွေ အပါအဝင် ပြည်သူလူထု တရပ်လုံးကလည်း စုပေါင်းအင်အားနဲ့ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြဖို့လည်း သမ္မတက နှိုးဆော်လိုက်ပါတယ်။

ဌာနဆိုင်ရာ အတော်များများမှာ ဓလေ့သဖွယ် စွဲကပ်နေတဲ့ အဂတိလိုက်စားမှုကို ပိုမိုတိုက်ဖျက်ရာမှာ ဝန်ထမ်းတွေရဲ့ ရပိုင်ခွင့် အခွင့်အရေးနဲ့ တာဝန်ကို ဘက်ညီမျှတစေရေး ပြန်လည်သုံးသပ်ပြီး ဌာနဆိုင်ရာ တခုချင်းက အသီးသီး တာဝန်ခံ ဆောင်ရွက်ရမယ်လို့လည်း သမ္မတက ထောက်ပြထားပါတယ်။

အခုနှစ် အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ကုလသမဂ္ဂ ဆောင်ပုဒ်က ''အဂတိလိုက်စားမှုဆန့်ကျင်ဖို့ ညီညွတ်ကြပါစို့'' ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013