
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ဟာ တရားဝင် အလုပ်သဘော ခရီးအဖြစ် ဗီယက်နမ်နိုင်ငံကို နေပြည်တော်ကနေ ဒီနေ့ ထွက်ခွာသွားပါတယ်။
သမ္မတရဲ့ ဗီယက်နမ်ခရီးစဉ်အတွင်း ဗီယက်နမ်နိုင်ငံ ဟနမ်ပြည်နယ်မှာ ကျင်းပမယ့် ၁၆ ကြိမ်မြောက် ကုလသမဂ္ဂ ဗုဒ္ဓနေ့ အခမ်းအနားကို တက်ရောက်မယ်လို့ သမ္မတရုံးသတင်းမှာ ဖော်ပြထားပါတယ်။
သမ္မတဦးဝင်းမြင့်ဟာ ဗီယက်နမ်သမ္မတ ငုယင်ဖူးကျောင့်နဲ့ ဇနီးတို့ရဲ့ ဖိတ်ကြားချက်အရ ဗီယက်နမ်နိုင်ငံကို သွားရောက်တာဖြစ်ပါတယ်။
သမ္မတနဲ့ ဇနီးဖြစ်သူ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆက်အောင်၊ နိုင်ငံတော်သမ္မတရုံးနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးတွေ လိုက်ပါသွားကြပါတယ်။











