DVB Logo
Home
မြန်မာသတင်း
သမ္မတဦးဝင်းမြင့် တာမွေမဲရုံတွင် ကိုယ်တိုင်လာရောက် ဆန္ဒမဲပေးမည်
DVB
·
October 30, 2018
သမ္မတဦးဝင်းမြင့် တာမွေမဲရုံတွင် ကိုယ်တိုင်လာရောက် ဆန္ဒမဲပေးမည်
Donate to DVB

ကြားဖြတ်ရွေးကောက်ပွဲမှာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ကိုယ်တိုင် ရန်ကုန်မြို့ တာမွေမြို့နယ်ရှိ မဲရုံမှာ လာရောက် ဆန္ဒမဲပေးမယ်လို့ သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးက ပြောပါတယ်။

အောက်တိုဘာ ၂၉ ရက်နေ့ သမ္မအိမ်တော်မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ မီဒီယာတွေကို ပြောဆိုလိုက်တာပါ။

ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက "ကြိုတင်မဲပေးရမယ့်ဟာ အချိန်က မမီတော့ဘူး။ မမီတော့ သမ္မတကြီးကိုယ်တိုင် မဲပေးဖို့ ကျနော်တို့ စီစဉ်နေတယ်။ နောက်တခုက သမ္မတကြီး အိမ်ထောင်စုစာရင်းကလည်း တာမွေမှာပဲ ရှိနေတယ်။ အဲဒီမှာ အိမ်ထောင်စုစာရင်းဝင်နေတယ်၊ ဝင်နေတော့ အဲဒီတာမွေမှာပဲ မဲပေးဖို့ ကိုယ်တိုင်ကိုယ်ကျ နိုဝင်ဘာ ၃ ရက်နေ့မှာ မဲပေးဖို့ အကြမ်းဖျင်း လျာထားတယ်" လို့ ပြောပါတယ်။

၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲကို လာမယ့် နိုဝင်ဘာ ၃ ရက်နေ့ ကျင်းပမှာဖြစ်ပြီး တာမွေမြို့နယ်မှာတော့ မဲရုံပေါင်း ၂၀ လောက် ဖွင့်လှစ်ထားမှာ ဖြစ်ပါတယ်။

သမ္မတ ဦးဝင်းမြင့်ဟာ ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ တာမွေမြို့နယ် မဲဆန္ဒနယ်ကနေ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013