
ဘောလုံးသုတေသနအဖွဲတခုဖြစ်တဲ့ Football Observatory က ထုတ်ပြန်တဲ့ တန်ဖိုးအကြီးဆုံး ကစားသမားစာရင်းမှာ ဘာစီလိုနာကြယ်ပွင့် လာမိန်းယာမဲလ်က ပေါင် ၃၀၉ သန်းနဲ့ ထိပ်ဆုံးမှာ ရပ်တည်နေပါတယ်။
သူ့နောက်မှာတော့ မန်စီးတီးတိုက်စစ်မှူး ဟာလန်းက ပေါင် ၁၉၆ သန်းနဲ့ ဒုတိယ၊ ရီးရဲလ်တိုက်စစ်မှူး ဘာပေက ပေါင် ၁၄၃ သန်းနဲ့ တတိယနေရာမှာ ရှိနေတာပါ။
အသက် ၁၈ နှစ်အရွယ် လာမိန်းယာမဲလ်ရဲ့ တန်ဖိုးဟာ ဘာပေထက် ၂ ဆလောက် ပိုများနေပါတယ်။
ဒီစာရင်းမှာ အင်္ဂလန်ကြယ်ပွင့်တွေဖြစ်တဲ့ မော်ဂန်ရော်ဂျာနဲ့ နီကိုအိုရိုင်လီတို့က ဂျုဒ်ဘယ်လင်ဟမ်ထက် တန်ကြေးပိုမြင့်နေပါတယ်။
ဘယ်လင်ဟမ်ကတော့ ပေါင် ၁၀၃ သန်းနဲ့ အောက်နားမှာပဲ ရှိနေတာပါ။ ဒါ့အပြင် ဘုန်းမောက်အသင်းရဲ့ ဘရာဇီးတိုက်စစ်မှူး ရာယန်ကလည်း ပေါင် ၈၆ သန်းကျော် တန်ကြေးနဲ့ စာရင်းထဲမှာ အံ့အားသင့်ဖွယ် ပါဝင်လာပါတယ်။










