DVB Logo
Home
မြန်မာသတင်း
နယ်စပ်ဖြတ်ကျော်၍ မလေးရှားသွားမည့် အိန္ဒိယအမျိုးသမီး ၂ ဦးကို တမူးတွင် ဖမ်းမိ
DVB
·
March 13, 2018
နယ်စပ်ဖြတ်ကျော်၍ မလေးရှားသွားမည့် အိန္ဒိယအမျိုးသမီး ၂ ဦးကို တမူးတွင် ဖမ်းမိ
Donate to DVB

အိန္ဒိယ-မြန်မာနယ်စပ် တမူးမြို့မှာ နယ်စပ်ဖြတ်ကျော်ပြီး မလေးရှားနိုင်ငံ သွားရောက်မယ့် အိန္ဒိယ အမျိုးသမီး ၂ ဦးကို မတ် ၁၂ ရက်နေ့က ဖမ်းမိခဲ့ပါတယ်။

တမူး ၄ မိုင် စစ်ဆေးရေးဂိတ်မှာ တမူးမြို့ဘက်က ကလေးဘက်ကို မောင်းနှင်လာတဲ့ ဆိုင်ကယ်တစီးကို တားဆီးစစ်ဆေးစဉ်မှာ ရပ်တန့်မပေးဘဲ မောင်းပြေးခဲ့တဲ့အတွက်  လိုက်လံ ဖမ်းဆီးရာ ရဲကင်းအလွန် ၆ ဖာလုံလောက်မှာ ဖမ်းမိခဲ့တာပါ။

ဆိုင်ကယ်မောင်းနှင်သူမှာ တမူးမြို့ ရန်ငြိမ်းအောင်ကျေးရွာနေ ဝင်းနိုင်ဦး ခေါ် ဖိုးသား ဆိုသူဖြစ်ပြီး ခိုးဝင်လာသူတွေကတော့ အိန္ဒိယနိုင်ငံ၊ ထရီပူရ်ပြည်နယ်၊ ဆိုနူမူရာမြို့နေ အမျိုးသမီး ၂ ဦးဖြစ်တဲ့ Deen Kish Shani (၁၇-နှစ်)နဲ့ အစ်မဖြစ်သူ Mustra Kumar (၁၉-နှစ်) တို့ ဖြစ်ပါတယ်။

ဝင်းနိုင်ဦး(ခ)ဖိုးသားဟာ အဲဒီအိန္ဒိယအမျိုးသမီး ၂ ဦးကို ကျပ်ငွေ ၅၀၀၀၀ နဲ့ ခမ်းပတ်မြို့ကို လိုက်ပို့ပေးမှာ ဖြစ်ကြောင်း ထွက်ဆိုခဲ့ပါတယ်။ အဲဒီအမျိုးသမီး ၂ ဦးဟာ ခမ်းပတ်မြို့မှာ လာရောက်ခေါ်ယူသူတွေနဲ့ မလေးရှားနိုင်ငံကို ဆက်လက်ထွက်ခွာဖို့ ဖြစ်တယ်လို့ သိရှိရပါတယ်။

တာဝန်ရှိ ရဲအရာရှိတဦးက “တမူးမြို့မှာ အရင်က အခုလို ခိုးဝင်တာတွေ တွေ့ရလေ့မရှိဘဲ အခုမှ ရှားရှားပါးပါး ဖမ်းမိခဲ့တာဖြစ်တယ်။ အဲဒီခိုးဝင်လာသူတွေကို သက်ဆိုင်ရာက လူဝင်မှု ကြီးကြပ်ရေးဥပဒေတွေနဲ့ အမှုဖွင့် အရေးယူသွားမယ်”လို့ ပြောပါတယ်။

သတင်း - ဂေါင်ဂေါင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013