DVB Logo
Home
ဘောလုံး
၂၀၂၆ ကမ္ဘာ့ဖလားမှ နိုင်ငံ ၅ နိုင်ငံ အစောဆုံး ထွက်ခွာ
DVB
·
June 25, 2026
Photo: REUTERS/Piroschka Van De Wouw
Photo: REUTERS/Piroschka Van De Wouw
Donate to DVB

၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အုပ်စုအဆင့် ပထမဆုံး ၂ ပွဲအပြီးမှာ ဟေတီ၊ တူရကီ၊ တူနီးရှား၊ ပနားမားနဲ့ ဂျော်ဒန်  နိုင်ငံ ၅ နိုင်ငံအသင်းတွေဟာ ပြိုင်ပွဲကနေ အစောဆုံး ထွက်ခွာခဲ့ရပါတယ်။

အခု ကမ္ဘာ့ဖလားမှာ နိုင်ငံပေါင်း ၄၈ နိုင်ငံ ပါဝင်ယှဉ်ပြိုင်တာ ဖြစ်ပြီး အုပ်စုအဆင့် ပြီးဆုံးချိန်မှာတော့ စုစုပေါင်း ၁၆ နိုင်ငံ ထွက်ခွာရမှာပါ။ ပထမဆုံး ၂ ပွဲစလုံး ရှုံးနိမ့်ခဲ့တဲ့ အသင်းတွေဟာ ပြိုင်ပွဲကနေ ထွက်ခွာရတာ ဖြစ်ပါတယ်။

အုပ်စု (C) က ဟေတီအသင်းဟာ စကော့တလန်နဲ့ ဘရာဇီးတို့ကို ရှုံးနိမ့်ခဲ့လို့ ၁၉၇၄ နောက်ပိုင်း ပထမဆုံး ကမ္ဘာ့ဖလားခရီးစဉ်ကနေ ထွက်ခွာရပါတယ်။ 

တူရကီက ဩစတြေးလျနဲ့ ပါရာဂွေးတို့ကို ရှုံးနိမ့်ပြီး ဥရောပကနေ ပထမဆုံး ထွက်ခွာရတဲ့အသင်း ဖြစ်ပါတယ်။ 

တူနီးရှားက ဆွီဒင်နဲ့ ဂျပန်တို့ကို ၄ ဂိုးပြတ် ရှုံးနိမ့်ခဲ့လို့ ပြိုင်ပွဲကထွက်ရသလို  ပနားမားအသင်းကလည်း ဂါနာနဲ့ ခရိုအေးရှားတို့ကို ၁-၀ ဂိုးနဲ့ ရှုံးနိမ့်ပြီး ပြိုင်ပွဲကနေ ထွက်ခဲ့ရပါတယ်။ 

ဂျော်ဒန်ကတော့ အာရှကနေ ထွက်ခွာရတဲ့ ပထမဆုံးအသင်း ဖြစ်ပါတယ်။ ဒီနှစ် ကမ္ဘာ့ဖလားမှာ အမှတ်တူရင် ဂိုးကွာခြားချက်အစား အပြန်အလှန်တွေ့ဆုံမှု ရလဒ်နဲ့ ဆုံးဖြတ်တာ ဖြစ်ပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013