DVB Logo
Home
မြန်မာသတင်း
အန်အယ်လ်ဒီအစိုးရလက်ထက် ဧရာဝတီတိုင်းတွင် ဆန္ဒပြပွဲ လျော့နည်းလာ
DVB
·
March 9, 2018
အန်အယ်လ်ဒီအစိုးရလက်ထက် ဧရာဝတီတိုင်းတွင် ဆန္ဒပြပွဲ လျော့နည်းလာ
Donate to DVB

လက်ရှိ အန်အယ်လ်ဒီ ဦးဆောင်တဲ့ အစိုးရသစ်လက်ထက်မှာ ဧရာဝတီတိုင်းဒေသကြီးအတွင်း ဆန္ဒထုတ်ဖော်ပွဲတွေ အရင် ကြံ့ခိုင်ရေးပါတီ အစိုးရလက်ထက်က ထက်ပိုပြီး လျော့နည်းသွားတယ်လို့ တိုင်းရဲတပ်ဖွဲ့ စာရင်းတွေအရ သိရပါတယ်။

ဆန္ဒထုတ်ဖော်တာနဲ့ ပတ်သက်လို့ ဖြေလျော့ခဲ့တဲ့ ၂၀၁၂ ငြိမ်းချမ်းစွာစုဝေးခွင့်နဲ့ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေကို ပြင်ဆင်တဲ့ဥပဒေ ပြဋ္ဌာန်းတဲ့ ၂၀၁၄ ခုနှစ်နဲ့ ၂၀၁၅ နှစ်နှစ်တာကာလမှာ ဆန္ဒထုတ်ဖော်မှုပေါင်း ၁၅၀ ကျော်ရှိခဲ့ပါတယ်။

အန်အယ်လ်ဒီအစိုးရသစ် စတင်တာဝန်ယူတဲ့ ၂၀၁၆ ခုနှစ်နဲ့ ၂၀၁၇ နှစ်နှစ်တာကာလမှာတော့ ဆန္ဒထုတ်ဖော်မှုပေါင်း ၉၀ နီးပါးပဲ ရှိပါတယ်။

ပုသိမ်မြို့မှာ ဆန္ဒထုတ်ဖော်ပွဲတွေ မကြာခဏ ပြုလုပ်လေ့ရှိတဲ့ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ ဦးထွန်းထွန်းဦးကတော့ ဆန္ဒထုတ်ဖော်ပေမယ့် ထူခြားတဲ့ ပြောင်းလဲမှုတွေ မရှိတဲ့ အခုနောက်ပိုင်းမှာ ဆန္ဒထုတ်ဖော်ပွဲတွေ မလုပ်တော့တာလို့ ပြောပါတယ်။

ပုသိမ်မြို့က ၈၈ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ဦးစိုးလှိုင်ဦးကတော့ အစိုးသစ်နဲ့ အရပ်ဘက်အဖွဲ့အစည်းတွေ ရင်းနှီးတာကြောင့် မကျေနပ်တာတွေကို ဆန္ဒထုတ်ဖော်တာထက် တွေ့ဆုံဆွေးနွေးလာတာကြောင့်လည်း ဆန္ဒထုတ်ဖော်ပွဲတွေ လျော့နည်းလာတာ ဖြစ်နိုင်တယ်လို့ သုံးသပ်ပါတယ်။

မတ်လ ၇ ရက်မှာ ကျင်းပတဲ့ အမျိုးသားလွှတ်တော်မှာတော့ လွှတ်တော်ကိုယ်စားလှယ်တွေ အရပ်ဘက်အဖွဲ့အစည်းတွေ ကန့်ကွက်နေတဲ့ကြားကပဲ ငြိမ်းစုစီဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကြမ်းကို အတည်ပြုလိုက်ပါတယ်။

ပြင်ဆင်တဲ့ဥပဒေသာ အတည်ပြုလိုက်မယ်ဆိုရင် လွတ်လပ်စွာ ထုတ်ဖော်ခွင့်ကို အကန့်အသတ်ဖြစ်စေမှာ ဖြစ်ပြီး  ဆန္ဒပြပွဲတွေ အလွန်နည်းသွားနိုင်တယ်လို့ ဦးထွန်းထွန်းဦးက သုံးသပ်ပါတယ်။

မြန်မာနိုင်ငံမှာ ဆန္ဒထုတ်ဖော်တာတွေကို ၂၀၁၂ ငြိမ်းစုစီဥပဒေ ပြဋ္ဌာန်းပြီးနောက်မှ တရားဝင်ခွင့်ပြုခဲ့တာပါ။

၂၀၁၄ ဇွန်လမှာတော့ ၂၀၁၂ ငြိမ်းစုစီဥပဒေမှာ ကန့်သတ်ထားတာတွေကို ဖြေလျော့ထားပေမယ့် ပြင်ဆင်တဲ့ဥပဒေ ပြဋ္ဌာန်းခဲ့ပြီးနောက်ပိုင်းမှာတော့ ဆန္ဒထုတ်ဖော်ပွဲတွေ များပြားလာပြီး လက်ရှိ အစိုးရသစ်လက်ထက်မှာတော့ ဧရာဝတီတိုင်းမှာ ဆန္ဒထုတ်ဖော်ပွဲတွေ လျော့နည်းလာတာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013