DVB Logo
Home
နိုင်ငံတကာ
အီဘိုလာရောဂါကြောင့် သေဆုံးသူ  ၆၁ ဦးရှိလာပြီဟု WHO အတည်ပြု 
DVB
·
June 4, 2026
Photo: Reuters/Stringer
Photo: Reuters/Stringer
Donate to DVB

အာဖရိကတိုက်က ကွန်ဂိုနဲ့ ယူဂန္ဓာ နိုင်ငံတွေမှာ အီဘိုလာရောဂါဖြစ်ပွားမှုကြောင့် သေဆုံးသူ ၆၁ ဦး ရှိတယ်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) သတင်းထုတ်ပြန်ပါတယ်။

ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ (DRC) မှာ အီဘိုလာရောဂါကူးစက်ခံရသူ စုစုပေါင်း ၃၄၄ ယောက် ရှိပြီး သေဆုံးသူ အယောက် ၆၀ ရှိပြီလို့ WHO က ဇွန် ၃ ရက်မှာ ပြောပါတယ်။ ယူဂန္ဓာ နိုင်ငံမှာတော့ အတည်ပြု လူနာ ၁၅ ယောက် ရှိပြီး တယောက် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

အီဘိုလာဗိုင်းရပ်စ်ရဲ့ မျိုးကွဲဖြစ်တဲ့ ဘန်ဒီဘူဂျိုဗိုင်းရပ်စ် ကူးစက်ခံရတာလို့ WHO သတိပေးထား တာပါ။

WHO အထွေထွေဒါရိုက်တာ ဂီဘရီယီးစပ်က ဗိုင်းရပ်စ်ဟာ လျင်လျင်မြန်မြန် ပျံ့နှံပြီး ရောဂါထိန်းချုပ်မှု နောက်ကျခဲ့တယ်လို့ ဗုဒ္ဓဟူးနေ့က ပြောပါတယ်။

ကွန်ဂိုနိုင်ငံမှာ လူနာ ၆ ယောက် ပြန်သက်သာပြီး ဆေးရုံက ဆင်းနိုင်ခဲ့သလို ယူဂန်ဒါနိုင်ငံမှာလည်း လူနာ ၂ ယောက် ပြန်ကောင်းခဲ့တယ်လို့ ဆိုပါတယ်။ 

WHO ရဲ့ အဆိုအရ ရောဂါဖြစ်ပွားသူနဲ့ ထိတွေ့ဆက်ဆံခဲ့မှု ၄၅ ရာခိုင်နှုန်းလောက် လိုက်နိုင်ခဲ့ပြီး ဗိုင်းရပ်စ်ပြန့်ပွားမှုကို ထိန်းချုပ်ဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်။

ဘန်ဒီဘူဂျိုဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး ပျောက်ကင်းတဲ့ ဆေးမရှိသေးသလို ကုသတဲ့နည်းလမ်းလည်း မရှိသေးတဲ့ ကူးစက်ရောဂါအမျိုးအစားပဲဖြစ်ပါတယ်။ 

အီဘိုလာရောဂါနဲ့ ပတ်သက်ပြီး တုံ့ပြန်ဆောင်ရွက်ဖို့ ၃ လစာအတွက် ဒေါ်လာ ၁၁၅ သန်း လိုအပ်တယ်လို့လည်း WHO က ခန့်မှန်းထားပါတယ်။

လက်ရှိ ကွန်ဂိုနိုင်ငံမှာ လူ ၆၀ သေဆုံးမှုအပါအဝင် လူပေါင်း ၃၄၄ ဦး ဗိုင်းရပ်စ် ကူးစက်ခံထားရကာ ပြည်နယ် ၃ ခုမှာ ကျန်းမာရေး စောင့်ရှောက်မှုဇုန် ၂၄ ခု ပြုလုပ်ထားပါတယ်။

ဒါဟာ ပြီးခဲ့တဲ့ အပတ်က လူ ပေါင်း ၁,၀၀၀ ကျော် ကူးစက်ခထားရတယ်လို့ သံသယစာရင်းကနေ ၁၁၆ ယောက်ထိ လျော့ကျလာတာပါ။

အီဘိုလာရောဂါဟာ နိုင်ငံတွင်းမှာ စိုးရိမ်စရာ အမြင့်ဆုံးအဆင့် ရောက်နေပြီး အာဖရိကဒေသတွင်း စိုးရိမ်စရာအဆင့်နဲ့ ကမ္ဘာ့အဆင့်မှာတော့ စိုးရိမ်စရာနည်းတယ်လို့ ထုတ်ပြန်ထားမှုကိုတော့ ပြောင်းလဲ ကြေညာတာမျိုး မရှိသေးပါဘူး။

ရောဂါဖြစ်ပွားမှုဟာ အစောပိုင်းအဆင့်မှာ အမြန် ပျံ့နှံ့ခဲ့ပြီး ထိန်းချုပ်ရေးလုပ်ဆောင်ချက်တွေက ရောဂါပျံ့နှံ့မှုထက် နောက်ကျကျန်နေခဲ့တယ်လို့ WHO ညွှန်ကြားရေးမှူးချုပ် တေဒရို အဒ်ဒါနွန် ဂေဘရီယေးဆပ်က ဇွန်  ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

ဒါပေမဲ့ ကွန်ဂိုအစိုးရရဲ့ ဦးဆောင်မှုနဲ့ နိုင်ငံတကာရဲ့ ပံ့ပိုးမှုအောက်မှာ ရောဂါဖြစ်ပွားမှုအပေါ် တုံ့ပြန်ချက်က လိုက်မီနေပြီ လို့ ဆိုပါတယ်။ 

ကနဦးစုံစမ်းစစ်ဆေးမှုတွေအရ ကူးစက်မှုဟာ အခုနှစ် ဇန်နဝါရီလအစောပိုင်းမှာ စခဲ့တာ ဖြစ်နိုင်တယ်လို့ အကြံပြုထားပေမဲ့ လက်ရှိဦးစားပေးအနေနဲ့ အမြန်ဆုံးထိန်းချုပ်ဖို့ လုပ်နေတယ်လို့ တေဒရိုက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013