
အားကစားဂျာနယ်လစ် နစ်ဟားရစ်ဟာ မန်စီးတီးအသင်းရဲ့ စည်းမျဉ်းချိုးဖောက်မှုတွေကို နှစ်ပေါင်းများစွာ ဖော်ထုတ်ခဲ့သူ ဖြစ်ပါတယ်။
အခုလို ဖော်ထုတ်ခဲ့တာကြောင့် ကလပ်အသင်းရဲ့ တာဝန်ရှိသူတွေနဲ့ ပရိသတ်တွေဆီကနေ ပြင်းထန် တဲ့ ခြိမ်းခြောက်မှုတွေ၊ တိုက်ခိုက်မှုတွေနဲ့ ဖိအားပေးမှုတွေကို အဆက်မပြတ် ကြုံတွေ့ခဲ့ရတယ်လို သူက ဖွင့်ဟလိုက်ပါတယ်။
အဲဒီအထဲကမှ ၂၀၂၀ ပြည့်နှစ်မှာ သူ့ဇနီး ဟယ်လင်ဟာ ဦးနှောက်ကင်ဆာရောဂါကြောင့် ဆေးရုံမှာ နောက်ဆုံးအချိန် ရောက်နေခဲ့တာပါ။
အဲဒီလို ဝမ်းနည်းစရာ အချိန်မျိုးမှာတင် မန်စီးတီးပရိသတ်တယောက်က သူ့ရဲ့ နေရပ်လိပ်စာကို တွစ်တာပေါ် တင်ကာ တိုက်ခိုက်ဖို့ ခြိမ်းခြောက်ခဲ့တယ်လို ဆိုပါတယ်။
ဒါဟာ အလွန်ဆိုးရွားတဲ့ လုပ်ရပ်ဖြစ်လို့ စိတ်ပိုင်းဆိုင်ရာ နှိပ်စက်မှုတွေ ပြင်းပြင်းထန်ထန် ခံခဲ့ရကြောင်း သူက ပြောကြားသွားပါတယ်။
Photo:Reuters










