DVB Logo
Home
မြန်မာသတင်း
အဓမ္မစစ်သားစုဆောင်းခံရသူ ၃ ဦး နေပြည်တော်တပ်ရင်းမှ ထွက်ပြေး
DVB
·
July 18, 2026
Photo: MOI
Photo: MOI
Donate to DVB

နေပြည်တော်၊ တပ်ကုန်းမြို့နယ်အခြေစိုက် တပ်ရင်းကနေ စစ်မှုထမ်းတပ်သား ၃ ယောက် သေနတ်တလက် ယူဆောင်ထွက်ပြေးသွားတယ်လို့ စစ်အာဏာရှင်တပ်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

အဓမ္မစုဆောင်းခံထားရတဲ့ စစ်မှုထမ်းတပ်သား ၃ ယောက်ဟာ ဇူလိုင် ၁၆ ရက် ညပိုင်းက တပ်ကုန်းမြို့ အခြေစိုက်တပ်ရင်း ခမရ ၁၀၉ ကနေ ထွက်ပြေးသွားတယ်လို့ ဆိုပါတယ်။

စစ်အာဏာရှင်တပ်နဲ့ နီးစပ်သူက “ထွက်ပြေးတာကို မနက်ပိုင်း မိုးလင်းမှသိရတာ။ တပ်အရာရှိတွေ မူးအိပ်နေချိန် ထွက်ပြေးကြတာ။ ထွက်ပြေးတဲ့ကိစ္စနဲ့ပတ်သက်ပြီး သတင်းဖုံးထားတယ်။ သေနတ်တလက်ပါ ယူပြေးတာလို့ သိရတယ်” လို့ ပြောပါတယ်။

စစ်မှုထမ်း အပတ်စဉ် ၅ က ၂ ယောက်နဲ့ စစ်မှုထမ်းအပတ်စဉ် ၆ က တယောက်ဖြစ်ပြီး MA-1 အမျိုးအစားသေနတ်တလက်ပါ ယူဆောင်ထွက်ပြေးသွားတာလို့ သိရပါတယ်။

ထွက်ပြေးတဲ့ စစ်မှုထမ်းတပ်သားတွေကို စစ်တပ်နဲ့ ပြည်သူ့စစ်တွေ၊ ရဲတွေက လိုက်လံရှာဖွေနေပြီး ဇူလိုင် ၁၈ ရက် မနက်အထိ ပြန်လည်ဖမ်းမိတာ မရှိသေးဘူးလို့ စစ်အာဏာရှင်တပ်ဖွဲ့နဲ့ နီးစပ်သူဆီက သိရပါတယ်။

ပြီးခဲ့တဲ့ မေလနဲ့ ဖေဖော်ဝါရီလတုန်းကလည်း ခမရ ၁၀၉ ကနေ တပ်သား ၇ ယောက် ထွက်ပြေးခဲ့ပြီး တယောက်ကတော့ အဖမ်းခံခဲ့ရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013