DVB Logo
Home
မြန်မာသတင်း
မီးလောင်ခဲ့သည့် နန်းဖာလုံဈေး ပြန်လည်စတင်ဖွင့်လှစ်
DVB
·
February 15, 2018
မီးလောင်ခဲ့သည့် နန်းဖာလုံဈေး ပြန်လည်စတင်ဖွင့်လှစ်
Donate to DVB

မီးလောင်ကျွမ်းခဲ့သွားတဲ့ မြန်မာ-အိန္ဒိယနယ်စပ်ရှိ တမူးမြို့ နန်းဖာလုံဈေးကို ဖေဖော်ဝါရီလ ၁၅ ရက်နေ့ ဒီကနေ့မနက်ကစတင်ပြီး  စည်ပင်သာယာဌာနက  ပြန်လည်ဖွင့်လှစ်ရောင်းချခွင့် ပေးလိုက်ပြီဖြစ်ပါတယ်။

တမူးမြို့ ဈေးတန်းအမှတ် (၁၂) နေ ဦးအောင်သန်းထွေးက “လက်ရှိတော့ မီးလောင်တဲ့အထဲ မပါတဲ့သူတွေကတော့ သူတို့ အခန်းလေးတွေနဲ့ ပြန်ဖွင့်ကြတယ်။ မီးထဲပါသွားတဲ့ အခန်းပိုင်ရှင်တွေအတွက်တော့ စည်ပင်က နေရာသတ်မှတ်ပြီး ခြံစည်းရိုးကာ သတ်မှတ်ပေးထားတယ်။ ကိုယ့်ခုံလေးတွေနဲ့ကိုယ် ဖန်တီးပြီး ယာယီဈေးနေရာမှာ ဒီနေ့ ပြန်ဖွင့်နေပါပြီ။”လို့ပြောပါတယ်။

နန်းဖာလုံဈေးဟာ ဖေဖော်ဝါရီ ၇ ရက်နေ့ ညက ငါးနာရီအကြာ မီးလောင်ခဲ့လို့ နေအိမ်အချို့နဲ့ ဈေးခန်း ၅၃ ခန်း ပျက်စီးဆုံးရှုံးခဲ့ရကာ တန်ဖိုး ကျပ်သိန်းပေါင်း နှစ်သောင်းနီးပါး ဆုံးရှုံးခဲ့တာလည်း ဖြစ်ပါတယ်။

ဈေးမီးလောင်သွားတာကြောင့် ယာယီဈေးကို အမြန်ဆုံးပြန်ဆောက်ဖို့ စီစဉ်နေတယ်လို့ တမူးမြို့ စည်ပင်သာယာရေး အလုပ်အမှုဆောင် ဦးမင်းမင်းစိုးက ပြောပါတယ်။

“ယာယီဈေးကို တလအတွင်း ပြီးအောင်ဆောက်ဖို့တော့ ညွှန်ကြားထားပါတယ်။ ကျနော်တို့အနေနဲ့လည်း တွက်ချက်ပြီး အထက်ကို ပြန်တန်တတ်နိုင်သမျှ အမြန်ပြီးအောင် ဆောင်ရွက်သွားမှာပါ။ တိုင်းဒေသကြီး ဝန်ကြီးချုပ်ကလည်း ထောက်ပံ့ငွေ သိန်း ၂၁၀ လှူဒါန်းထားတယ်”

နန်းဖာလုံဈေးကို နှစ်ထပ်ဈေးသစ် ပြန်လည်တည်ဆောက်ဖို့ အစီအစဉ်ရှိနေပြီး လတ်တလော ယာယီဈေး ပြန်ဖွင့်ရောင်းချမှုကတော့  အခက်အခဲ မရှိဘဲ ပုံမှန် ဈေးအရောင်းအဝယ် ဖြစ်နေတယ်လို့ သိရပါတယ်။

သတင်း - မင်းရဲစစ်နိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013