DVB Logo
Home
မြန်မာသတင်း
တံတားများ ဖျက်ဆီးခံရသဖြင့် ပူတာအို ဒေသခံများက ကေအိုင်အေကို ကန့်ကွက်ရှုတ်ချဆန္ဒပြ
DVB
·
February 13, 2018
တံတားများ ဖျက်ဆီးခံရသဖြင့် ပူတာအို ဒေသခံများက ကေအိုင်အေကို ကန့်ကွက်ရှုတ်ချဆန္ဒပြ
Donate to DVB

ကချင်ပြည်နယ် ပူတာအိုခရိုင်ရှိ  မြစ်ကြီးနား-ဆွမ်ပရာဘွမ်- ပူတာအို ပြည်ထောင်စုလမ်းမှာ လမ်းတံတားတွေ ဖျက်ဆီးခံရတာနဲ့ ပတ်သက်လို့ ဒေသခံ ၂၀၀ ကျော်က ကေအိုင်အေ ကချင် လက်နက်ကိုင်အဖွဲ့ကို ကန့်ကွက် ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

ဒီဆန္ဒထုတ်ဖော်ပွဲကို ရဝမ်၊ လီဆူ၊ ရှမ်း၊ ဂျိန်းဖော့ စာပေယဉ်ကျေးမှုအဖွဲ့တွေက ဦးဆောင်ပြီး ဒီကနေ့မနက်က မြို့အားကစားကွင်းကနေ အ.ထ.က (၁) ကျောင်းအထိ ပိုစတာတွေ ကိုင်စွဲ စီတန်းလှည့်လည် ဆန္ဒဖော်ထုတ်ခဲ့ကြတာပါ။

မြစ်ကြီးနား-ဆွမ်ပရာဘွမ်း-ပူတာအို လမ်းပေါ်ရှိ လမ်းတံတားတချို့ကို ကေအိုင်အေ ကချင်လက်နက်ကိုင်အဖွဲ့က ဖျက်ဆီးခဲ့တယ်လို့ တပ်မတော်က သတင်းထုတ်ပြန်ထားပါတယ်။

လမ်းတံတားတွေ ဖျက်ဆီးခံရတာကြောင့် ပူတာအိုခရိုင်မှာ ဓာတ်ဆီနဲ့ ဆန်တွေ အဓိက ပြတ်လပ်နေသလို ကုန်ဈေးနှုန်းမြင့်တက်နေပြီး ပြည်သူတွေ အခက်အခဲဖြစ်နေလို့  အစိုးရအနေနဲ့ ညှိနှိုင်းဆောင်ရွက်ပေးဖို့လည်း ဒေသခံတွေက တောင်းဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013