DVB Logo
Home
မြန်မာသတင်း
စတုတ္ထအော်ပရေတာ Mytel ဖွင့်ပွဲ ဗိုလ်ချုပ်မှူးကြီး တက်ရောက်
DVB
·
February 12, 2018
စတုတ္ထအော်ပရေတာ Mytel ဖွင့်ပွဲ ဗိုလ်ချုပ်မှူးကြီး တက်ရောက်
Donate to DVB

စတုတ္ထအော်ပရေတာဖြစ်တဲ့  Mytel ဖွင့်ပွဲ အခမ်းအနားကို  တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ဖွင့်လှစ်ပေးခဲ့ပါတယ်။

(၇၁) နှစ်မြောက် ပြည်ထောင်စုနေ့ကို  ကြိုဆိုဂုဏ်ပြုတဲ့အနေနဲ့  မြန်မာ-ဗီယက်နမ် ပူးပေါင်းဆောင်ရွက်တဲ့ မြန်မာနိုင်ငံရဲ့ စတုတ္ထမြောက် အော်ပရေတာတခုဖြစ်တဲ့ Telecom International Myanmar Company Limited(Mytel) ရဲ့ First Call Announcement အခမ်းအနားကို ဇန်နဝါရီ ၁၁ ရက်က နေပြည်တော်ရှိ Kempinski Hotel မှာ ကျင်းပပြုလုပ်ရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်တယ်လို့ ကာကွယ်ရေးဦးစီးချုပ်သတင်းမှာ ဖော်ပြပါတယ်။

အခမ်းအနားမှာ ဗိုလ်ချုပ်မှူးကြီးက “နိုင်ငံမှာ တိုးတက်လျက်ရှိတဲ့ လူဦးရေနဲ့  ပညာရှင်များ အကြံပြုချက်များအရ စတုတ္ထအော်ပရေတာ ဖြစ်ပေါ်လာရေး ဆောင်ရွက်ခဲ့ပြီးနောက် Telecom International Myanmar Company Limited (Mytel) ကို စတုတ္ထမြောက် နိုင်ငံအဝန်း အော်ပရေတာအဖြစ် လုပ်ဆောင်နိုင်ရန်အတွက် (Nationwide Telecommunication License)ကို  သဘောတူခွင့်ပြုခဲ့ပြီး ဖြစ်တယ်၊ စတုတ္ထမြောက်ဆက်သွယ်ရေး ၀န်ဆောင်မှု လုပ်ငန်းအတွက် ပြည်ပဆက်သွယ်ရေးကုမ္ပဏီဖြစ်တဲ့ Viettel Global Investment Joint Stock Company Limited နဲ့  မြန်မာစီးပွားရေးကော်ပိုရေးရှင်းပိုင် Star High Company နဲ့ MNTH Public Limited တို့ဟာ Joint Venture Agreement ကို ၂၀၁၆ ခုနှစ်မှာ လက်မှတ်ရေးထိုးနိုင်ခဲ့ပြီးနောက် ၁ နှစ်နဲ့  ၅ လအတွင်း လုပ်ငန်းများ စတင်နိုင်ခဲ့တယ်” လို့ ပြောပါတယ်။

Telecom International Myanmar Company Limited (Mytel) ရဲ့ Nationwide Telecom လိုင်စင်ကို ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက်နေ့မှာ ရရှိခဲ့ပြီး မြန်မာ-ဗီယက်နမ် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။

မြန်မာဘက်က ပုဂ္ဂလိကအများပိုင်အဖွဲ့ ၁၁ ဖွဲ့ ပါဝင်ဖွဲ့စည်းထားရှိပြီး အစုရှယ်ယာ ၅၁ ရာခိုင်နှုန်း ပါဝင်တယ်လို့လည်း ကာကွယ်ရေးဦးစီးချုပ်သတင်းမှာ ဖော်ပြပါတယ်။

ဓာတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013