DVB Logo
Home
နိုင်ငံတကာ
တေလာဆွစ်ဖ်နှင့် ထရာဗစ်စ်ကယ်လ်စီတို့ လက်ထပ်တော့မည်
DVB
·
June 18, 2026
Photo: Reuters
Photo: Reuters
Donate to DVB

ပေါ့ပ် စူပါစတား တေလာဆွစ်ဖ်နဲ့ အမျိုးသားဘောလုံးအသင်း ကစားသမား ထရာဗစ်စ် ကယ်လ်စီတို့ လာမဲ့သီတင်းပတ်တွေအတွင်း လက်ထပ်တော့မယ်လို့ အမေရိကန်မီဒီယာတွေမှာ ဖော်ပြပါတယ်။

ဇူလိုင် ၄ ရက် အားလပ်ရက်အတွင်း နယူးယောက်မြို့မှာကျင်းပမဲ့ ပွဲတွေအကြောင်း ပြောချိန်မှာ မြို့တော်ဝန် ဇိုရမ် မမ်ဒါနီက ဇူလိုင်လအစောပိုင်းမှာ လက်ထပ်ပွဲတခု ကျင်းပလိမ့်မယ်လို့ အရိပ်အမြွက် ပြောခဲ့ပါတယ်။

ဇူလိုင် ၅ ရက် နယူးယောက်မြို့၊ နယူးဂျာစီ အားကစားကွင်းမှာ ကျင်းပမဲ့ FIFA ကမ္ဘာ့ဖလားပွဲနဲ့ ပတ်သက်ပြီး People ဖျော်ဖြေရေးဝက်ဘ်ဆိုက်ကို မမ်ဒါနီက ပြောချိန်မှာ ဒီပွဲစဉ်က ဇူလိုင် ၄ ရက်မှာ ကျင်းပမဲ့ တေလာဆွစ်ဖ်ရဲ့ မင်္ဂလာပွဲနဲ့ တိုက်ဆိုင်နေတယ်လို့ ပြောခဲ့ပါတယ်။

“အားလုံး တပြိုင်နက်တည်း ကျင်းပမှာဖြစ်လို့ ကမ္ဘာကြီးကို ကြိုဆိုဖို့ ကျနော်တို့ အလွန်စိတ်လှုပ်ရှားမိပါတယ်” လို့ မြို့တော်ဝန်က ဆက်ပြောပါတယ်။

ဆွစ်ဖ်ရဲ့ ကံကောင်းတဲ့နံပါတ်ဖြစ်တဲ့ ဇွန် ၁၃ ရက်မှာ ရိုဒ်အိုင်းလန်းအိမ်ကြီးမှာ မင်္ဂလာပွဲကျင်းပဖို့ စီစဉ်ထားတယ်ဆိုတဲ့ ကနဦးသတင်းတွေ ပျံ့ခဲ့တာပါ။

ဒီစုံတွဲ ဘယ်နေရာမှာ ဘယ်အချိန်မှာ လက်ထပ်မလဲ ဆိုတာနဲ့ ပတ်သက်ပြီး ထင်ကြေးပေးတာတွေ များပြားနေပါတယ်။

ဧပြီလတုန်းက Page Six က သတင်းရင်းမြစ်တခုကို ကိုးကားပြီး မင်္ဂလာပွဲကို ဇူလိုင် ၃ ရက် နယူးယောက်မှာ ကျင်းပမယ်လို့ ဖော်ပြခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေအရ မင်္ဂလာပွဲကို မက်ဒီဆင်ရင်ပြင်ဥယျာဉ်မှာ ကျင်းပနိုင်တယ်လို့ ခန့်မှန်းထားပြီး အဲဒီနေရာမှာ ဆွစ်ဖ်က မကြာသေးမီက NBA ဗိုလ်လုပွဲအတွင်း New York Knicks အသင်းကို အားပေးခဲ့ပါတယ်။

တေလာဆွစ်ဖ်နဲ့ ထရာဗစ်စ် ကယ်လ်စီတို့ကတော့ မင်္ဂလာပွဲ အစီအစဉ်တွေအပေါ် မှတ်ချက်မပေးခဲ့ပါဘူး။

ပြီးခဲ့တဲ့ သြဂုတ်လက လူမှုကွန်ရက်မှာ သူတို့ရဲ့ စေ့စပ်ပွဲကို ကြေညာခဲ့ပြီး အင်စတာဂရမ်မှာ “မင်းရဲ့ အင်္ဂလိပ်စာဆရာနဲ့ မင်းရဲ့ အားကစားဆရာမ လက်ထပ်တော့မယ်” လို့ ရေးသားခဲ့ပါတယ်။

Kansas City Chiefs အမေရိကန်ဘောလုံးအသင်းရဲ့ ကစားသမားက အဆိုတော်၊ တေးရေးဆရာမ ဆွစ်ဖ်ကို လက်ထပ်ခွင့်တောင်းနေတဲ့ ဓာတ်ပုံတွေလည်း ပါဝင်ခဲ့ပါတယ်။

အသက် ၃၆ နှစ်အရွယ် သူတို့စုံတွဲဟာ ၂၀၂၃ ခုနှစ်မှာ Kansas City Chiefs ဘောလုံးအသင်းရဲ့ အိမ်ကွင်းဖြစ်တဲ့ Arrowhead အားကစားရုံမှာ ဆွစ်ဖ်က "Cruel Summer" နဲ့ "Fate of Ophelia" သီချင်းတွေနဲ့ ဖျော်ဖြေပြီးတဲ့နောက် စတင်ချိန်းတွေ့ခဲ့ကြတာ ဖြစ်ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013