DVB Logo
Home
မြန်မာသတင်း
ကမ္ဘာ့ရွှေဈေး အတက်အားကောင်းနေပြီး ပြည်တွင်းရွှေဈေး ကျပ် ၁၀၄ သိန်းနီးပါး ရောက်ရှိ
DVB
·
August 25, 2026
Photo: DVB
Photo: DVB
Donate to DVB

ကမ္ဘာ့ရွှေဈေး ဆက်လက်မြင့်တက်လာမှုနဲ့အတူ ပြည်တွင်းရွှေဈေးကလည်း အတက်ဘက်ကို လိုက်ပါလာပြီး ဩဂုတ် ၂၄ ရက်မှာ ကျပ် ၁၀၄ သိန်းနီးပါးအထိ ရောက်ရှိလာပါတယ်။

ဩဂုတ် ၁၈ ရက်က တစ်အောင်စကို ဒေါ်လာ ၄,၃၆၅ ဝန်းကျင်သာရှိခဲ့တဲ့ ကမ္ဘာ့ရွှေဈေးဟာ ဩဂုတ် ၂၄ ရက်မှာတော့ ဒေါ်လာ ၄,၆၆၀ ဝန်းကျင်အထိ အမြင့်ဆုံး မြင့်တက်လာပြီး ညနေပိုင်းမှာ ဒေါ်လာ ၄,၆၅၀ ဝန်းကျင်မှာ ရှိနေပါတယ်။ ဒါဟာ သီတင်းပတ် တပတ်ဝန်းကျင်အတွင်း ဒေါ်လာ ၃၀၀ နီးပါး၊ ၆ ရာခိုင်နှုန်းကျော် မြင့်တက်လာတာ ဖြစ်ပါတယ်။

ဒီလို ဈေးတက်လာရတာဟာ အမေရိကန်ဒေါ်လာတန်ဖိုး ကျဆင်းတာ၊ အရှေ့အလယ်ပိုင်း ပထဝီနိုင်ငံရေးတင်းမာမှုတွေနဲ့ ကမ္ဘာ့စီးပွားရေး မသေချာမှုတွေကြောင့် လုံခြုံစိတ်ချရတဲ့ ပိုင်ဆိုင်မှုအဖြစ် ရွှေဝယ်လိုအား ပိုမိုအားကောင်းလာတာကြောင့် ဖြစ်တယ်လို့ ဈေးကွက်လေ့လာသူတွေက သုံးသပ်ပါတယ်။

ကမ္ဘာ့ရွှေဈေးနဲ့အတူ ပြည်တွင်းရွှေဈေးကလည်း ရက်ပိုင်းအတွင်း ဆက်တိုက်မြင့်တက်ခဲ့ပြီး ဩဂုတ် ၁၉ ရက်မှာ ကျပ် ၁၀၁ သိန်းဝန်းကျင်ကနေ ဩဂုတ် ၂၄ ရက်မှာတော့ ၁ ကျပ်သားကို ကျပ် ၁၀၄ သိန်းနီးပါးအထိ လိုက်ပါမြင့်တက်လာခဲ့ပါတယ်။

ကမ္ဘာ့ရွှေဈေးဟာ တလအတွင်း ၁၃ ရာခိုင်နှုန်းကျော်နဲ့ တနှစ်အတွင်း ၃၇ ရာခိုင်နှုန်းကျော် မြင့်တက်ထားပြီး အမေရိကန်အတိုးနှုန်းအလားအလာ၊ ဒေါ်လာဈေးနဲ့ ကမ္ဘာ့စီးပွားရေး မတည်ငြိမ်မှုတွေကြောင့် အမြင့်ဈေးအနီးမှာ အတက်အကျများပြီး ဆက်လက်လှုပ်ခတ်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013