
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်က NUG အစိုးရထိန်းချုပ်ရာဒေသမှာ အာဇာနည်နေ့အခမ်းအနားကို ဇူလိုင် ၁၉ ရက် ဒီနေ့ ကျင်းပခဲ့ပါတယ်။
ခင်ဦးမြို့နယ် အလင်းသစ်ရောင်ခြည် ပရဟိတအဖွဲ့ တာဝန်ရှိသူ မနှင်းဆီက “ကျမတို့ လွပ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် အာဇာနည် ၉ ဦးအတွက် လွမ်းသူပန်းခွေချတာတွေ ပြုလုပ်သလို နွေဦးတော်လှန်ရေးတိုက်ပွဲမှာကျဆုံးတဲ့ အာဇာနည်ရဲဘော်များအတွက် သတိရ အောက်မေ့ အလေးပြုအခမ်းအနားပါ ပူးတွဲပြုလုပ်ခဲ့တာရှင့်။ မိုးကလည်း ရွာနေတာဆိုတော့ ဒီနေ့အခမ်းအနားကို လူဦးရေ ၁၀၀ နဲ့ပဲ ပြုလုပ်ခဲ့တာပါ” လို့ ပြောပါတယ်။
စစ်တပ်ကတော့ အာဇာနည်နေ့မှာ ခင်ဦးမြို့၊ ရေဦးမြို့ စတဲ့ အထိုင်စခန်းတွေကနေ လက်နက်ကြီးတွေနဲ့ ပတ်ဝန်းကျင်ရွာတွေကို ပစ်ခတ်နေတယ်လို့ သိရပါတယ်။











