
စစ်အာဏာရှင်တပ်ဟာ မူးယစ်ဆေးဝါး စီးပွားရေးကို နှိမ်နင်းဖို့ ကြိုးပမ်းမှု မရှိတာကြောင့် မြန်မာနိုင်ငံဟာ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး ထိန်းချုပ်ရေး တာဝန်တွေကို ကျေပွန်စွာ ထမ်းဆောင်ဖို့ ပျက်ကွက်တဲ့ နိုင်ငံအဖြစ် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က သတ်မှတ်လိုက်ပါတယ်။
ပြီးခဲ့တဲ့ ၁၂ လအတွင်း တာဝန်ပျက်ကွက်ခဲ့တဲ့ နိုင်ငံတွေအဖြစ် မြန်မာ၊ အာဖဂန်နစ္စတန်၊ ဘိုလီးဗီးယားနဲ့ ကိုလံဘီယာနိုင်ငံတို့ကို အမေရိကန်သမ္မတက ထုတ်ပြန်ခဲ့တာပါ။
စစ်အုပ်စုရဲ့ ပျက်ကွက်မှုတွေကြောင့် မြန်မာဟာ ကမ္ဘာ့အကြီးဆုံး ဘိန်းထုတ်လုပ်သူနဲ့ စိတ်ကြွဆေးပြား ထုတ်လုပ်ရာ အဓိကနေရာ ဖြစ်လာတယ်လို့လည်း ဆိုပါတယ်။
ဒါပေမဲ့ အမေရိကန်ရဲ့ အမျိုးသားအကျိုးစီးပွား လိုအပ်ချက်အရ မြန်မာနိုင်ငံ အပါအဝင် အဆိုပါ နိုင်ငံတချို့ကို ကူညီထောက်ပံ့မှုတွေ ဆက်လက်ပေးအပ်သွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။











