DVB Logo
Home
နိုင်ငံတကာ
ရုရှားကို ကူညီသည်ဟု သံသယရှိသည့် အမေရိကန်တပ်ဖွဲ့ဝင် ၁ ဦးအား ဗြိတိန် ဖမ်းဆီး
DVB
·
November 11, 2026
Photo:Reuters
Photo:Reuters
Donate to DVB

ရုရှားထောက်လှမ်းရေးအဖွဲ့ကို ကူညီတယ်လို့ သံသယရှိတဲ့ အမေရိကန်စစ်တပ်က အဆင့်မြင့် အရာရှိတယောက်ကို ဗြိတိန်နိုင်ငံမှာ ဖမ်းဆီးလိုက်တယ်လို့ ဗြိတိန်ရဲတပ်ဖွဲ့က နိုဝင်ဘာ ၁၀ ရက် မှာ ပြောလိုက်ပါတယ်။

အသက် ၄၁ နှစ်အရွယ် အမျိုးသားကို အင်္ဂလန်နိုင်ငံ၊ ဂလို့စတာမြို့နားမှာ နိုဝင်ဘာ ၁၀ ရက်က ဖမ်းဆီးခဲ့တာဖြစ်ပြီး လက်ရှိမှာ လန်ဒန်မြို့တော်က ရဲစခန်းတခုမှာ ထိန်းသိမ်းထားတယ်လို့ ဗြိတိန် ရဲတပ်ဖွဲ့က ပြောပါတယ်။

သူ့ကို နိုင်ငံတော်လုံခြုံရေးအက်ဥပဒေ ပုဒ်မ ၁ နဲ့ ၃ တို့အရ ပြစ်မှုကျူးလွန်တဲ့ သံသယနဲ့ ဖမ်းဆီး ခဲ့တာပါ။

ဒီဥပဒေပုဒ်မတွေဟာ လုံခြုံရေးအရ ကာကွယ်ထားတဲ့ သတင်းအချက်အလက်တွေကို ရယူခြင်း၊ ထုတ်ဖော်ပြသခြင်းနဲ့ နိုင်ငံခြားထောက်လှမ်းရေးအဖွဲ့အစည်းတခုကို ကူညီပေးခြင်းတို့နဲ့ သက်ဆိုင် ပါတယ်။

“အမေရိကန်ပြည်ထောင်စုနဲ့ ကျနော်တို့ မဟာမိတ်တွေအတွက် အလွန်အမင်း စိုးရိမ်ပူပန်စရာ ဖြစ်တဲ့ သူလျှိုလုပ်မှု စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး အရေးကြီးတဲ့ ဖမ်းဆီးမှုပါ” လို့ ပြည်ထောင်စု ထောက်လှမ်းရေးဗျူရို (FBI) ညွှန်ကြားရေးမှူး ခက်ရှ် ပတေးလ်က ပြောပါတယ်။

အမေရိကန်ကြည်းတပ် တန်ပြန်ထောက်လှမ်းရေးဌာနချုပ်ရဲ့ ကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် ရှောင် စတင်ချွန် ကလည်း အရေးကြီးတဲ့ သတင်းအချက်အလက်တွေကို ကိုင်တွယ်ခွင့် ပေးအပ် ထားခြင်း ခံရတဲ့ အဆင့်မြင့် စစ်သည်တယောက်ရဲ့ လုပ်ရပ်လို့ စွပ်စွဲခံထားရတဲ့ ကိစ္စရပ်ဟာ အတွင်းလူတွေကတဆင့် ဖြစ်ပေါ်လာနိုင်တဲ့ ခြိမ်းခြောက်မှုတွေ အမှန်တကယ်ရှိနေပြီး ဆက်ရှိ နေဆဲ ဖြစ်ကြောင်းကို သတိပေးနေတဲ့ အချက်တချက်ပါလို့ ဖြည့်စွက် ပြောခဲ့ပါတယ်။

Source:Reuters

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013