DVB Logo
Home
နိုင်ငံတကာ
မက္ကာသဘောတူညီချက်၌ လက်မှတ်ထိုးထားသည့်နိုင်ငံများ အီရန်တွင် အစည်းအဝေးလုပ်မည်
DVB
·
October 26, 2026
Photo: IRINN
Photo: IRINN
Donate to DVB

ဆော်ဒီအာရေဗျ၊ တူရကီနဲ့ ပါကစ္စတန်နိုင်ငံတို့ ပါတဲ့ ‘မက္ကာသဘောတူညီချက်’ မှာ လက်မှတ်ထိုးထားတဲ့ အဖွဲ့ဝင်နိုင်ငံတွေက အဆင့်မြင့်အရာရှိတွေ ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှု ကိစ္စရပ်တွေကို ဆွေးနွေးဖို့ အီရန်မြို့တော် တီဟီရန်မှာ အီရန်အရာရှိတွေနဲ့ တွေ့ဆုံကြမယ်လို့ အီရန် ထိပ်တန်းလုံခြုံရေးအဖွဲ့  ဒုတိယအတွင်းရေးမှူး အလီ ဘာကရီ-ကာနီက ပြောတဲ့အကြောင်း နိုင်ငံပိုင်ရုပ်သံလိုင်းက အောက်တိုဘာ ၂၆ ရက်မှာ ဖော်ပြပါတယ်။

ယီမင်နိုင်ငံက အီရန်လိုလားတဲ့ ဟူသီသူပုန်တွေက ဆော်ဒီအာရေဗျနိုင်ငံအပေါ် ပိုပြင်းပြင်းထန်ထန် တိုက်ခိုက်လာပြီးတဲ့နောက်ပိုင်း အီရန်နဲ့ နိုင်ငံ ၃ နိုင်ငံ ပါဝင်တဲ့ မက္ကာသဘောတူညီရေး အဖွဲ့တို့အကြား ပထမဆုံးအကြိမ် အဆင့်မြင့် ထိတွေ့ဆွေးနွေးမှုတခု ဖြစ်လာမှာပါ။

ပါကစ္စတန်စစ်တပ်ရဲ့ ကာကွယ်ရေးဦးစီးချုပ် အာဆင်မူနီယာဟာ ပြီးခဲ့တဲ့အပတ်က တီဟီရန်မြို့ဆီ သွားခဲ့ပြီး အီရန်သမ္မတ မာဆွတ်ဒီ ပေဇက်ရှ်ကီယန် အပါအဝင် တခြား အဆင့်မြင့်အရာရှိကြီးတွေနဲ့ တွေ့ဆုံခဲ့ပါတယ်‌။

ခရီးစဉ်အတွင်း အီရန်အရာရှိတွေက သူတို့ရဲ့ တောင်းဆိုချက်တွေ မပြည့်မီသရွေ့ အမေရိကန်အစိုးရနဲ့ ဆွေးနွေးမှာ မဟုတ်ဘူးလို့ မူနီယာကို ပြောခဲ့တဲ့အကြောင်း အီရန်မီဒီယာတွေက ဖော်ပြပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013